အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားနဲ့ ခရမ်းချွတ်သီးတို့ကို ရောနှောကာ အရသာထူးကဲကောင်းမွန်တဲ့ဟင်းလျာတစ်ခွက် ပြင်ဆင်ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂၀၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲသီး စားပွဲတင်ဇွန်း ၄ ဇွန်း (ပါးပါးလှီးထားပါ)
  • ငရုတ်သီး အနီတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

Source: Thai-food-online.co.uk

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရမ်းချွတ်သီး ၃ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျဉ်းတော်သိမ်ရွက် ၃ ရွက်နှင့် ပင်စိမ်းရွက် အနည်းငယ်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ငရုတ်နှစ်များထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ကြက်သားတုံးများထည့်ကာ သမအောင် ရောမွှေပါ။ ကြက်သားတုံးများ မကျက်တကျက်အချိန်မှာ နွားနို့၊ ရေ၊ ငါးင့ပြာရည်၊ သကြားတို့ထည့်ကာ အားလုံးသမအောင် မွှေပါ။

ပြီးရင်တော့ ခရမ်းချွတ်သီး၊ ပဲသီး၊ ငရုတ်သီးနှင့် ငရုတ်ကောင်းစေ့များ ထည့်ကာ မွှေကြော်လိုက်ပါ။

၃။ တစ်မိနစ်၊ နှစ်မိနစ်ခန့် မွှေပြီးနောက်မှာတော့ ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်များထည့်ကာ ကြက်သားများ ကျက်သွားသည်အထိ ရောကြော်ပါ။

ကြက်သားလည်း ကျက်သွားပြီ ခရမ်းချွတ်သီးလည်း နူးသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချကာ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ခရမ်းချွတ်သီးဟင်းလျာလေး ရရှိသွားပါပြီ။

Source: Siamsizzles.com