အားလုံးပဲ မင်္ဂလာပါ။ ဟော့ပေါ့ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ သတ်သပ်လွတ်သမားများပါ စားသုံးနိုင်တဲ့ သတ်သပ်လွတ်ဟော့ပေါ့ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- စပါးလင် ၂ ပင် (တစ်ဝက် ဝက်ထားပါ)
- တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း ၃ တောင့် (ပါးပါးလှီးထားပါ)
- နာနတ်သီး စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ခရမ်းချဉ်သီး ၂ လုံး
- ရေ ၁ လီတာ
- ပြောင်းဖူး တစ်ဝက် (၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ နှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
အခြား ပါဝင်ပစ္စည်းများ
- မိမိကြိုက်နှစ်သက်ရာ ခေါက်ဆွဲခြောက် ၁၅၀ ဂရမ်
- မှို ပန်းကန်လုံး ၃ လုံးစာ
- ပဲပြား ၁ တုံး (အနေတော် လှီးဖြတ်ထားပါ)
- ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာခန့် (ဟင်းနုနွယ်၊ မုန်ညှင်းရွက်၊ ရုံးပတီသီး စသည်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးအကြီးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတိုပထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။
၂။ ထို့နောက် ခရမ်းချဉ်သီးနှင့် နာနတ်သီးတို့ထည့်ကာ ခရမ်းချဉ်သီး အရည် ထွက်လာသည်အထိ ၅ မိနစ်ခန့် တည်ပေးလိုက်ပါ။
၃။ ထို့နောက် အိုးထဲသို့ ရေ ၁ လီတာထည့်ပါ။ ပြောင်းဖူး၊ သကြား၊ ဆားနှင့် ပဲငံပြာရည်တို့ထည့်ကာ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။
ထို့နောက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် မန်ကျည်းနှစ်ကို ရေနွေးနွေး စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ၅ မိနစ်ခန့် စိမ်ထားပါ။ ပြီးမှ စောစောက ဟင်းရည်အိုးထဲ လောင်းထည့်လိုက်ပါ။
၄။ ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။
ဟင်းရည်က ပွက်ပွက်ဆူသွားတဲ့အခါမှာတော့ မိမိကြိုက်နှစ်သက်ရာ အခြားသော ပါဝင်ပစ္စည်းများ ထပ်ထည့်နိုင်ပါတယ်။
ဒါဆိုရင်တော့ အရသာရှိတဲ့ သတ်သပ်လွတ်ဟော့ပေါ့လေး ရရှိသွားပါပြီ။
Source: Fullofplants.com