အားလုံးပဲ မင်္ဂလာပါ။ ဟော့ပေါ့ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ သတ်သပ်လွတ်သမားများပါ စားသုံးနိုင်တဲ့ သတ်သပ်လွတ်ဟော့ပေါ့ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • စပါးလင် ၂ ပင် (တစ်ဝက် ဝက်ထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၃ တောင့် (ပါးပါးလှီးထားပါ)
  • နာနတ်သီး စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • ခရမ်းချဉ်သီး ၂ လုံး
  • ရေ ၁ လီတာ
  • ပြောင်းဖူး တစ်ဝက် (၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ နှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

အခြား ပါဝင်ပစ္စည်းများ

  • မိမိကြိုက်နှစ်သက်ရာ ခေါက်ဆွဲခြောက် ၁၅၀ ဂရမ်
  • မှို ပန်းကန်လုံး ၃ လုံးစာ
  • ပဲပြား ၁ တုံး (အနေတော် လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာခန့် (ဟင်းနုနွယ်၊ မုန်ညှင်းရွက်၊ ရုံးပတီသီး စသည်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတိုပထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ခရမ်းချဉ်သီးနှင့် နာနတ်သီးတို့ထည့်ကာ ခရမ်းချဉ်သီး အရည် ထွက်လာသည်အထိ ၅ မိနစ်ခန့် တည်ပေးလိုက်ပါ။

၃။ ထို့နောက် အိုးထဲသို့ ရေ ၁ လီတာထည့်ပါ။ ပြောင်းဖူး၊ သကြား၊ ဆားနှင့် ပဲငံပြာရည်တို့ထည့်ကာ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

ထို့နောက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် မန်ကျည်းနှစ်ကို ရေနွေးနွေး စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် ၅ မိနစ်ခန့် စိမ်ထားပါ။ ပြီးမှ စောစောက ဟင်းရည်အိုးထဲ လောင်းထည့်လိုက်ပါ။

၄။ ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။

ဟင်းရည်က ပွက်ပွက်ဆူသွားတဲ့အခါမှာတော့ မိမိကြိုက်နှစ်သက်ရာ အခြားသော ပါဝင်ပစ္စည်းများ ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ သတ်သပ်လွတ်ဟော့ပေါ့လေး ရရှိသွားပါပြီ။

Source: Fullofplants.com