အားလုံးပဲ မင်္ဂလာပါ။ ဟင်းနုနွယ်ကို ဟင်းနုနွယ်ကြော်ပုံစံနဲ့ မကြော်စားချင်သူများအတွက် ဒီတစ်ခါမှာတော့ ဟင်းနုနွယ်သုပ် လုပ်စားနည်းကို ဝေမျှပေးချင်ပါတယ်။ အချိုသုပ်မဟုတ်ဘဲ စပ်စပ်လေး သုပ်စားမှာဆိုတော့ အစပ်ကြိုက်သူတွေအတွက် လျှာလည်သွားစေမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ် ၁ စည်း (၁၀ အောင်စခန့်)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းနုနွယ်ရဲ့ အမြစ်များကို လှီးဖြတ်လိုက်ပါ။ အရွက်ကြားထဲတွင် သဲများ ပြောင်စင်သွားသည်အထိ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပေးလိုက်ပါ။

၂။ အိုးတစ်လုံးတွင် ရေအပြည့်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ဟင်းနုနွယ်ရွက်များထည့်ကာ စက္ကန့် ၃၀ ခန့် တည်ထားလိုက်ပါ။

၃။ သတ်မှတ်ထားသော အချိန်ပြည့်ပါက အိုးထဲမှ ချက်ချင်းဆယ်ယူလိုက်ပြီး ရေခဲတုံးထည့်ထားသော ရေခဲရေထဲတွင် အအေးခံထားလိုက်ပါ။

၄။ အေးသွားပါက ဟင်းနုနွယ်ရွက်များကို ဆယ်ယူပြီးနောက် အရည်များကုန်စင်အောင် ညှစ်လိုက်ပါ။ ထို့နောက် ၃ လက်မအရှည်ခန့် လှီးဖြတ်ပေးရပါမယ်။

၅။ ထို့နောက် ပန်းကန်လုံးထဲထည့်ကာ ပူးကပ်နေသော ဟင်းနုနွယ်ရွက်များကို လက်ဖြင့် ခွာလိုက်ပါ။ ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ သကြား၊ နှမ်းဆီ၊ နှမ်းစေ့၊ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ သမအောင် နယ်ဖတ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဟင်းနုနွယ်သုပ် စပ်စပ်တစ်ပွဲ ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Koreanbapsang.com