အားလုံးပဲ မင်္ဂလာပါ။ ကြက်ပေါင်းဟင်းလျာလေး ဝေမျှပေးဖို့တောင်းဆိုတဲ့ ဟင်းချက်ဝါသနာရှင်များအတွက် ဒီတစ်ခါမှာတော့ ခဲဖတ်အသုံးပြုကာ ပေါင်းထားတဲ့ ကြက်ပေါင်းဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (တစ်လက်မအရှည် လှီးဖြတ်ထားပါ)
  • ဂျင်းပြား ၅ ပြား
  • ကြက်သွန်ဖြူ ၄ မြွှာ (အခွံခွာပြီး ဓားပြားရိုက်ထားပါ)
  • ကြက်ပေါင် ၁ ပေါင် (သို့) မိမိနှစ်သက်ရာအစိတ်အပိုင်း ၂၀၀ ဂရမ်

  • ငရုတ်ပွ ၁ ခြမ်း (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ရှီတာကီမှို ၃ ပွင့်နှင့် အခြားမှိုတစ်မျိုး (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်ဝိုင် (သို့) ဂျပန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ထောပတ် ၂၅ ၈ရမ်နှင့် နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခဲဖတ်ထဲ ထည့်ပေါင်းမှာဖြစ်တဲ့အခါ အရင်ဦးဆုံး ခဲဖတ်ကို မျက်နှာပြင်ညီညာသော နေရာတွင် ဖြန့်ထားလိုက်ပါ။ ထို့နောက် အလယ်တည့်တည့်တွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ ထည့်ထားလိုက်ပါ။

၂။ ကြက်သားတုံးကိုတော့ ကြက်သွန်တွေပေါ် တင်ထားလိုက်ပါ။ ထို့နောက် ကြက်သားတုံးကို သံလွင်ဆီဖြင့် သုတ်လိမ်းထားပါ။ ကြက်သားဘေးပတ်ပတ်လည်တွင် ငရုတ်ပွနှင့် ရှီတာကီမှိုတို့ထည့်ပါ။ ထို့နောက် ကြက်သားနှင့် မှိုများပေါ်သို့ ပဲငံပြာရည်နှင့် ဆန်ဝိုင်တို့ ဆမ်းထည့်လိုက်ပါ။

၃။ ထို့နောက် ထောပတ်ကို လေးထောင့်အတုံးငယ် တုံးထားပြီးနောက် ကြက်သားတုံးနှင့် မှိုများပေါ် တင်ထားလိုက်ပါ။

၄။ နောက်ဆုံးကျန်တဲ့ မှိုကိုတော့ ကြက်သားတုံးနှင့် ဘေးပတ်ပတ်လည်မှာ တင်ထားပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ခဲဖတ်ကို လုံအောင် ခေါက်ပေးလိုက်ပါ။

၆။ ထို့နောက် အသင့်ပြင်ထားသော ပေါင်းအိုးထဲ ထည့်ကာ မီးအပူချိန် ပြင်းပြင်းဖြင့် မိနစ် ၃၀ ခန့် ထည့်ပေါင်းပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ခဲဖတ်ဖြင့် ပေါင်းထားတဲ့ ကြက်ပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

Source: Noobcook.com