ခရမ်းသီးဟင်းချက်တဲ့အခါ ခရမ်းသီးနှပ်၊ ခရမ်းသီးအစပ်ချက်စသည်ဖြင့် အမျိုးမျိုးချက်ကြတာ များပါတယ်။ ဒီတစ်ခါမှာတော့ အရသာအသစ်အဆန်းလေးဖြစ်သွားအောင် ခရမ်းသီးပေါင်းလေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၂ လုံး
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၁ ဇွန်းခွဲခန့်
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို အနေတော် အတုံးတုံးထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲ ရေထည့်ပြီး အဖုံးဖုံးထားကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ဆူလာပါက ခရမ်းသီးများထည့်ပြီး ၃ မိနစ်ခန့် နူးအိလာသည်အထိ တည်ထားရပါတယ်။ (ပေါင်းအိုးရှိပါက ပေါင်းအိုးနဲ့ အသုံးပြုနိုင်ပါတယ်)

၃။ ခရမ်းသီးများကို ပန်းကန်ထဲပြောင်းထည့်ပြီး အအေးခံလိုက်ပါ။ ထို့နောက် ကျန်ရှိနေတဲ့ ပါဝင်ပစ္စည်းများအားလုံးကို ရောနှောလိုက်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီးပေါင်းဟင်းလျာကို ထမင်းနဲ့အတူတူ အားပါးတရ မြိန်ရေယှက်ရေသုံးဆောင်နိုင်ပါပြီ။

Source: koreanbapsang.com