ဟင်းသီးဟင်းရွက် စားသုံးခြင်းက ရောဂါဘယဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်လို့ ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ဒါ့ကြောင့်လည်း နေ့စဉ်နေ့တိုင်းမှာ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုးကို စားသုံးပေးသင့်တာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဟင်းရွက်ကြော်ပုံစံမျိုးမဟုတ်ဘဲ အရသာတစ်မျိုးဆန်းသွားအောင်လို့ ဟင်းသီးဟင်းရွက်ကို ပေါင်းအိုးနဲ့ လုပ်စားကြည့်လိုက်ရအောင်။ ခရမ်းသီးကို အရသာရှိအောင် ဘယ်လိုပေါင်းစားမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• ခရမ်းသီး အလတ်ဆိုဒ် ၂ လုံး
• ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
• နှမ်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

• လှော်ထားသော နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
• ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးများကို ရေဆေးပြီးနောက် နှစ်လက်မအရှည် အရွယ်အစားခန့် လှီးဖြတ်ထားပါ။

၂။ ထို့နောက် ခရမ်းသီးများကို ပေါင်းအိုးထဲထည့်ပြီး နူးအိလာသည်အထိ (သုံးမိနစ်ခန့်) ပေါင်းပေးလိုက်ပါ။

၃။ ခရမ်းသီးများ နူးအိသွားပါက ပန်းကန်လုံးထဲ ပြောင်းထည့်ပြီး အအေးခံထားလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ နှမ်း၊ သကြားနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး သမအောင် နယ်ဖတ်ပေးလိုက်ပါ။

၄။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် စပ်စပ်လေး စားချင်တယ်ဆိုပါက ငရုတ်သီးမှုန့် ထပ်ထည့်ပေးနိုင်ပါတယ်။

နောက်ဆုံးမှာတော့ အရံဟင်းအနေနဲ့ စားသုံးနိုင်တဲ့ ခရမ်းသီးပေါင်း ဟင်းတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Koreanbapsang.com