အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝက်နံရိုးဟင်းလျာလေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ရွှေဖရုံသီးနဲ့ ဝက်နံရိုးကို အရသာရှိအောင် ဘယ်လိုချက်စားနိုင်မလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ဝ.၅ ပေါင်
  • ရွှေဖရုံသီး ၄၅၀ ဂရမ်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်၊ ဆားနှင့် သကြားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်ပြားအကြီးတစ်လုံးထဲတွင် ဝက်နံရိုးများကို ခရုဆီ၊ ပဲငံပြာရည်၊ ပြောင်းမှုန့်၊ ဆားနှင့် သကြားတို့ဖြင့် သမအောင် နယ်ကာ ၁၀ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ရွှေဖရုံသီးကို အခွံခွာပြီးနောက် အနေတော် အတုံး တုံးထားလိုက်ပါ။ ထို့နောက် ဝက်နံရိုးဘေးနားတွင် ရွှေဖရုံသီးများကို အစီအရီ တင်ထားလိုက်ပါ။

၄။ ထို့နောက် ထိုပန်းကန်ပြားကို ပေါင်းအိုးထဲထည့်ပြီး အဖုံးပိတ်လျက်သားဖြင့် မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

၅။ အချိန်ပြည့်သွားပါက ပန်းကန်ပြားကို ပေါင်းအိုးထဲက ထုတ်ပြီးနောက် ပန်းကန်ပြားထဲက အရည်များကို ခပ်ထုတ်လိုက်ပါ။

၆။ ကြက်သွန်မြိတ်ကို ဝက်နံရိုးပေါ်တွင် ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ရွှေဖရုံသီး ဝက်နံရိုးပေါင်းဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Spicetheplate.com