(Unicode)

ရွှေဖရုံသီးအရသာရှိတဲ့ ပေါင်မုန့်လုံးကို ကိုယ်တိုင်ကိုယ်ကျ မိမိအိမ်မှာပဲ မလုပ်စားကြည့်ချင်ကြဘူးလား။ ပြုလုပ်နည်းအဆင့်ဆင့်ကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် မိမိရဲ့အားလပ်ချိန်လေးမှာ အရသာရှိတဲ့ ရွှေဖရုံသီးပေါင်မုန့် လုပ်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး ၂၅၀ ဂရမ်
  • ဂျုံမှုန့် ၃၀၀ ဂရမ်
  • ဆား အနည်းငယ်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၄ ဇွန်းခန့်
  • တဆေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရွှေဖရုံသီးကို ရေဆေးပြီးနောက် အခွံခွာကာ အထဲက အစေ့များကို ဖယ်ရှားလိုက်ပါ။ ထို့နောက် အနေတော်အတုံးများ တုံးထားပြီးနောက် ပေါင်းအိုးထဲထည့်ထားလိုက်ပါ။ ပြီးရင် ပေါင်းအိုးထဲမှာ မိနစ် ၂၀ ခန့် ထည့်ပေါင်းထားလိုက်ပါ။

၂။ ပေါင်းပြီးသွားသော ရွှေဖရုံသီးအတုံးများကို သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်များရအောင် ဖျော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ရွှေဖရုံသီးအနှစ်များကို ဂျုံမှုန့်၊ ဆား၊ သကြားနှင့် တဆေးတို့ဖြင့် ရောနှောပြီး သမအောင် နယ်ဖတ်ပေးလိုက်ပါ။ ဂျုံမှုန့်အလုံးရရှိလာအောင် လုံးပြီးတဲ့နောက်မှာ ပန်းကန်လုံးထဲထည့်ပြီး ပလပ်စတစ်အိတ်ဖြင့် ပိတ်ထားလိုက်ပါ။

၄။ မိနစ်အနည်းငယ်ကြာတဲ့အခါ ဂျုံမှုန့်အလုံးကြီးကို နှစ်လုံးရအောင် ခွဲပြီးနောက် ရှည်မျောမျော ဂျုံချောင်း ၂ ချောင်းရအောင် လှိမ့်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ဂျုံချောင်းတစ်ချောင်းချင်းစီကို အညီအမျှ လေးပိုင်းပိုင်းလိုက်ပါ။ ထို့နောက် ပေါင်းအိုးထဲထည့်ပြီး ၁၅ မိနစ်ခန့်ပေါင်းပေးလိုက်ပါ။

အချိန်ပြည့်တဲ့အခါမှာတော့ ပူပူနွေးနွေးလေးနဲ့ အရသာရှိတဲ့ ရွှေဖရုံသီးပေါင်မုန့်လေး ရရှိသွားပါပြီ။

အအေးခံပြီးတဲ့နောက်မှာတော့ အရသာရှိရှိ မြိန်ယှက်စွာ သုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com

(Zawgyi)

ေရႊဖရံုသီးအရသာရွိတဲ့ ေပါင္မုန္႔လံုးကို ကိုယ္တိုင္ကိုယ္က် မိမိအိမ္မွာပဲ မလုပ္စားၾကည့္ခ်င္ၾကဘူးလား။ ျပဳလုပ္နည္းအဆင့္ဆင့္ကလည္း လြယ္ကူရိုးရွင္းတဲ့အတြက္ေၾကာင့္ မိမိရဲ႕အားလပ္ခ်ိန္ေလးမွာ အရသာရွိတဲ့ ေရႊဖရံုသီးေပါင္မုန္႔ လုပ္စားၾကည့္လိုက္ရေအာင္။

ပါဝင္ပစၥည္းမ်ား

  • ေရႊဖရံုသီး ၂၅၀ ဂရမ္
  • ဂ်ံဳမႈန္႔ ၃၀၀ ဂရမ္
  • ဆား အနည္းငယ္
  • သၾကား စားပြဲတင္ဇြန္း ၂ ဇြန္းမွ ၄ ဇြန္းခန္႔
  • တေဆး လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ေရႊဖရံုသီးကို ေရေဆးၿပီးေနာက္ အခြံခြာကာ အထဲက အေစ့မ်ားကို ဖယ္ရွားလိုက္ပါ။ ထို႔ေနာက္ အေနေတာ္အတံုးမ်ား တံုးထားၿပီးေနာက္ ေပါင္းအိုးထဲထည့္ထားလိုက္ပါ။ ၿပီးရင္ ေပါင္းအိုးထဲမွာ မိနစ္ ၂၀ ခန္႔ ထည့္ေပါင္းထားလိုက္ပါ။

၂။ ေပါင္းၿပီးသြားေသာ ေရႊဖရံုသီးအတံုးမ်ားကို သစ္သီးေဖ်ာ္စက္ထဲထည့္ၿပီး အႏွစ္မ်ားရေအာင္ ေဖ်ာ္ေပးလိုက္ပါ။

၃။ ရရွိလာတဲ့ ေရႊဖရံုသီးအႏွစ္မ်ားကို ဂ်ံဳမႈန္႔၊ ဆား၊ သၾကားႏွင့္ တေဆးတို႔ျဖင့္ ေရာေႏွာၿပီး သမေအာင္ နယ္ဖတ္ေပးလိုက္ပါ။ ဂ်ံဳမႈန္႔အလံုးရရွိလာေအာင္ လံုးၿပီးတဲ့ေနာက္မွာ ပန္းကန္လံုးထဲထည့္ၿပီး ပလပ္စတစ္အိတ္ျဖင့္ ပိတ္ထားလိုက္ပါ။

၄။ မိနစ္အနည္းငယ္ၾကာတဲ့အခါ ဂ်ံဳမႈန္႔အလံုးႀကီးကို ႏွစ္လံုးရေအာင္ ခြဲၿပီးေနာက္ ရွည္ေမ်ာေမ်ာ ဂ်ံဳေခ်ာင္း ၂ ေခ်ာင္းရေအာင္ လွိမ့္ေပးလိုက္ပါ။

၅။ ရရွိလာတဲ့ ဂ်ံဳေခ်ာင္းတစ္ေခ်ာင္းခ်င္းစီကို အညီအမွ် ေလးပိုင္းပိုင္းလိုက္ပါ။ ထို႔ေနာက္ ေပါင္းအိုးထဲထည့္ၿပီး ၁၅ မိနစ္ခန္႔ေပါင္းေပးလိုက္ပါ။

အခ်ိန္ျပည့္တဲ့အခါမွာေတာ့ ပူပူေႏြးေႏြးေလးနဲ႔ အရသာရွိတဲ့ ေရႊဖရံုသီးေပါင္မုန္႔ေလး ရရွိသြားပါၿပီ။

အေအးခံၿပီးတဲ့ေနာက္မွာေတာ့ အရသာရွိရွိ ၿမိန္ယွက္စြာ သံုးေဆာင္လိုက္ပါ။

Source: Chinasichuanfood.com