ဒေသ အစားအစာ ဖြစ်နေပါပြီ။ မုန်းညှင်းပေါင်း နေ့တိုင်း အညွန့်အလိုက် ပေါင်းတာပါ။ စားတဲ့အခါမှ သင်ပီးစားတာပါ။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်း
  • ဂျင်း
  • ငါးပိ
  • ဆီစိမ်း
  • ဆနွင်းနှင့် ဆန်မုန့်

ပြုလုပ်နည်း

  • မုန်ညှင်းကို ရေဆေးပြီး စစ်ထားပါ။ ဂျင်းထောင်းထားပါ။ ငါးပိရေနဲနဲနဲ့ ဖျော်ထားပါ။
  • ရေစစ်ထားတဲ့ မုန်ညှင်းကို လင်ဗန်း၊ ဇလုံကြီးကြီးထဲ ထည့်ဖြန့်ပြီး ဆားထည့်၊ ဂျင်းထောင်းထည့်၊ ငါးပိရေထည့်နယ်၊ ဆီစိမ်းထည့်နယ်၊ ဆန်မုန့်ဖြူးနယ်ပါ။
  • ပြီးရင် စတီးဇကာထဲထည့်၊ အောက်က ဇကာနဲ့အတော် ဒန်အိုးထဲ ရေ ၃ ပုံ ၁ ပုံလောက်ထည့်ပါ။
  • အိုးပေါ် မုန်ညှင်းနယ်ပြီးသား ဇကာကိုတင်၊ မီးနဲ့ကြာချိန် ၂နာရီလောက် တည်ရပါတယ်။

Credit: Moe Wai