အားလုံးပဲ မင်္ဂလာပါ။ ကျန်းမာရေးအတွက် သင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်တဲ့ ပဲပြားကို ဒီတစ်ခါမှာတော့ ပဲပြားပေါင်းအစပ်ဟင်းလျာလုပ်စားနည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး (အနေတော် အတုံး တုံးထားပါ)
  • မှို လက်တစ်ဆုပ်စာခန့်
  • ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဖွန်း
  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • အချဉ်ဖောက်ထားသော ပဲ စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မှိုများကို အစီအရီ  စီထည့်ထားလိုက်ပါ။

၂။ မှိုပေါ်တွင် ပဲပြားတုံးများကို အစီအရီတင်ထားလိုက်ပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ငရုတ်သီးဆော့စ်နှင့် ပဲတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ပြီး ဆက်လက်မွှေကြော်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ဆော့စ် အရောအနှောများကို ပဲပြားပေါ်တွင် ဆမ်းထည့်ပြီးနောက် ပေါင်းအိုးထဲတွင် ၁၂ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။

၅။ အချိန်ပြည့်တဲ့အခါ ပေါင်းအိုးထဲမှ ထုတ်ပြီး ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်ပါ။ ဆီပူအနည်းငယ်ကို ပဲပြားရဲ့မျက်နှာပြင်အပေါ်ကနေ လောင်းချပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြားပေါင်းအစပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com