အားလုံးပဲ မင်္ဂလာပါ။ ကြက်သွန်မြိတ်အနံ့လေး သင်းနေတဲ့ အမဲသားကြော်တစ်ခွက်ရရှိအောင် ဘယ်လိုကြော်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်ပါတယ်။

ချက်ပြုတ်နည်းက မခက်တဲ့အတွက်ကြောင့် မိမိအိမ်မှာ အလွယ်တကူ ကြော်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

• အမဲသား ၁ ပေါင်ခန့် (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၂ မြွှာ (အခွံခွာပြီး ပါးပါးလှီးထားပါ)
• ငရုတ်သီးခြောက် ၃ တောင့် (ပါးပါးလှီးထားပါ)
• ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း

• ကြက်သွန်မြိတ် တစ်ပင် (ရေဆေးပြီးနောက် တစောင်းအနေအထား လှီးဖြတ်ထားပါ)
• ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ထားလိုက်ပါ။

၂။ အမဲသားထည့်ကာ ကြော်လိုက်ပါ။ ဟင်းချက်ဝိုင် ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ပဲငံပြာရည်၊ သကြားနှင့် ဆားတို့ ထည့်ပြီး နောက်ထပ် တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သွန်မြိတ် အမဲသားကြော်ဟင်းလျာလေးကို မြိန်ရေယှက်ရေ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com