သပ်သတ်လွတ်သမားများအနေနဲ့ အစားအစာတွေကို ရွေးချယ်စားသုံးရတာကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်တာမျိုး၊ အာဟာရ မပြည့်ဝတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မိမိစားမယ့် သပ်သတ်လွတ်အစားအစာတွေကို အသားမပါဘဲနဲ့လည်း အာဟာရမျှတအောင် စားသုံးလို့ ရပါသေးတယ်။

ဒီတစ်ခါဖော်ပြပေးမယ့် ချက်ပြုတ်နည်းကတော့ သပ်သတ်လွတ်သမားတွေအတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပန်းဂေါ်ဖီစိမ်းကို မုန်လာဥနီနဲ့ကြော်ထားတဲ့ ဟင်းရွက်ကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရုဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ တစ်လီတာ
  • ကြက်သွန်ဖြူ ၈ မြွှာခန့်
  • ဂျင်း အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပန်းဂေါ်ဖီစိမ်း ၅၀၀ ဂရမ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းဂေါ်ဖီစိမ်းကို ရေဆေးပြီး အနေတော် အတုံးလှီးဖြတ်ထားပါ။ မုန်လာဥနီကိုလည်း ပါးပါးလှီးဖြတ်ထားပါ။ ကြက်သွန်ဖြူနဲ့ ဂျင်းကိုလည်း ပါးပါးလှီးထားရပါမယ်။

၂။ ရေကို ပွက်ပွက်ဆူကို တည်ထားလိုက်ပါ။ ရေဆူလာပါက ပန်းဂေါ်ဖီစိမ်းကို တစ်မိနစ်ခန့် ထည့်ထားလိုက်ပါ။ တစ်မိနစ်ပြည့်ပါက ပန်းဂေါ်ဖီတုံးများကို ဆည်လိုက်ပါ။

၃။ အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ကြက်သွန်ဖြူကို အကုန်မထည့်ဘဲ လေးပုံ သုံးပုံလောက်သာထည့်ပြီး ဆီသတ်လိုက်ပါ။ ပန်းဂေါ်ဖီစိမ်းနဲ့ မုန်လာဥနီတို့ထည့်ပြီး ကြော်ပေးလိုက်ပါ။ ရေ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ၂ မိနစ်ခန့် ကြော်ပေးရပါမယ်။

၄။ ကြက်သွန်ဖြူ လက်ကျန်လေးများ ထပ်ထည့်ပြီး ခရုဆီ၊ ဆားတို့ထည့်ပြီး အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

အပေါ့အငန် မြည့်စမ်းကြည့်ပြီးတဲ့နောက်မှာ မီးဖိုပေါ်က ချပြီးနောက် ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ သပ်သတ်လွတ်သမားတွေအတွက် အရသာရှိတဲ့ မုန်လာဥနီ ပန်းဂေါ်ဖီကြော်ကို အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Chinesefoodrecipes.cc