အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရွှေဖရုံသီးနဲ့ ကြက်ဥကြော်တို့ကို အရသာ ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းအောင် ဘယ်လိုချက်ပြုတ်နိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး ပန်းကန်လုံး ၂ လုံးခွဲစာ
  • ကြက်ဥ ၂ လုံး
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရွှေဖရုံသီးများကို အခွံခွာပြီးနောက် အနေတော်အတုံး လှီးဖြတ်ထားပါ။

ရရှိလာတဲ့ ရွှေဖရုံသီးအတုံးငယ်များကို ဒန်အိုးထဲထည့်ပြီးနောက် ရေထည့်ကာ ၁၀ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရွှေဖရုံသီးပြုတ်များကို ဆယ်ယူထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။ ထို့နောက် ကြက်ဥ ၂ လုံးဖောက်ထည့်ကာ မွှေကြော်လိုက်ပါ။

၃။ ထို့နောက် ပြုတ်ထားသော ရွှေဖရုံသီးများထည့်ကာ ကြက်ဥကြော်များနဲ့ မွှေကြော်လိုက်ပါ။

၄။ သကြား စားပွဲတင်ဇွန်း တစ်ဝက်နှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲတို့ထည့်ကာ အရသာအပေါ့အငန် မြည်းစမ်းကြည့်လိုက်ပါ။ ၂ မိနစ်ခန့် မွှေကြော်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာချိုချိုဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ရွှေဖရုံသီး ကြက်ဥမွှေကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Siamsizzles.com