အားလုံးပဲ မင်္ဂလာပါ။ ရောဂါကာကွယ်ပေးတဲ့ ဟင်းသီးဟင်းရွက် အများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ မုန်ညှင်းရွက်ကို ငရုတ်သီးထည့်ပြီး အစပ်ကြော် ကြော်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် ၄ မြွှာ (ဓားပြား ရိုက်ပြီး ပါးပါးလှီးထားပါ)
  • ငရုတ်သီးတောင့် အခြောက် လက်တစ်ဆုပ်စာခန့် (အစေ့ကို ဖယ်ရှားပြီး ပါးပါးလှီးထားပါ)
  • မုန်ညှင်းရွက် ၂ စည်း (ရေဆေးပြီးနောက် ၁ စင်တီမီတာအရှည်ခန့် လှီးဖြတ်ထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။

၂။ တစ်မိနစ်ပြည့်တဲ့အခါမှာတော့ ပါးပါးလှီးထားသော မုန်ညှင်းရွက်များ ထည့်ပါ။ သကြား၊ နှမ်းဆီနှင့် ဆားတို့ထည့်ပြီးနောက် သမအောင် မွှေကြော်ပေးလိုက်ပါ။

၃။ ထို့နောက် အိုးအဖုံး ဖုံးထားကာ ၄၅ စက္ကန့်မှ တစ်မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက အဖုံးဖွင့်လိုက်ပြီးနောက် နောက်ဆုံးတစ်ကြိမ်ခန့် ထပ်မွှေကြော်ပေးလိုက်ပါ။

ပြီးသွားရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရောင်စိမ်းစိမ်းစိုစိုလေးနဲ့ အရသာရှိတဲ့ မုန်ညှင်းရွက်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source : Thewoksoflife.com