အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဝက်သားတောက်တောက်စဉ်းကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၈ အောင်စ (၃ လက်မအရှည် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (၁ လက်မအရှည် လှီးဖြတ်ထားပါ)
  • ငရုတ်သီးတောင့် အခြောက် ၇ တောင့်

လိုအပ်သော ဟင်းသီးဟင်းရွက်များ

  • မှို ၂ ပွင့်
  • ကြက်သွန်မြိတ် ၄ အောင်စ (၂ လက်မ အရှည် လှီးဖြတ်ထားပါ)
  • ငရုတ်သီးတောင့် ၃ တောင့် (တစ်ပိုင်း ပိုင်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • ဆား အနည်းငယ်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဝက်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောနယ်ထားပါ။

၂။ မှိုကို ဆားအနည်းငယ်ဖြင့် နယ်ထားပြီးနောက် ၅ မိနစ်ခန့် ထားထားပါ။ ထို့နောက် မှိုများကို အရည်စင်အောင် ညှစ်ထားလိုက်ပါ။

၃။ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ ထည့်ပါ။ ကြက်သွန်မြိတ်ထည့်ပြီး ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။

၅။ ထို့နောက် မီးပိတ်ကာ ငရုတ်သီးတောင့်များ ထည့်ပြီးနောက် ၁ မိနစ်ခန့် ဆီသတ်ပါ။ ကြက်သွန်မြိတ်နှင့် ငရုတ်သီးများကို ဆယ်ယူပြီးနောက် ဆီကိုတော့ အခြားပန်းကန်လုံးထဲ သပ်သပ်စီ ခွဲထုတ်လိုက်ပါ။

၆။ ဝက်သားများကို ကျန်ရှိနေသော ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် နယ်ပါ။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး စောစောကဖယ်ထားသော ဆီထည့်ပါ။ ဝက်သားများ ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၇။ ဝက်သားများ အညိုရောင် ပြောင်းသွားပါက မှို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးတောင့်တို့ ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ခရုဆီထည့်ပါ။

၈။ ထို့နောက် ပြောင်းမှုန့်အရည်များလောင်းထည့်ကာ သမအောင် မွှေပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သားတောက်တောက်စဉ်းကြော်လေး ရရှိသွားပါပြီ။

Source: Maangchi.com