အားလုံးပဲ မင်္ဂလာပါ။ ခရမ်းသီးနှပ်ဟင်းလျာလေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ခရမ်းသီးနှပ် အစပ်ချက်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းသီး ၂ လုံး
- ငရုတ်သီး ၄ တောင့်
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ငရုတ်သီးအနှစ် စားပွဲတင်ဇွန်းတစ်ဝက်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည် ၁ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ခရမ်းသီးကို လက်မဝက်အထူ၊ တစ်လက်မ အရှည်ခန့် လှီးဖြတ်ထားပါ။ ငရုတ်သီးတောင့်ကို ပါးပါးလှီးထားပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၃။ တစ်မိနစ်ပြည့်ပါက ငရုတ်သီး၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ ဂျင်း၊ သကြား၊ နှမ်းဆီ၊ နှမ်းစေ့နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
၄။ ပါဝင်အစားအစာများအားလုံး သမသွာားသည်အထိ မွှေပြီးနောက်မှာတော့ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။
ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ခရမ်းသီးနှပ် အစပ်ဟင်းလျာလေး ရရှိသွားပါပြီ။
ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။
Source: Koreanbapsang.com