အားလုံးပဲ မင်္ဂလာပါ။ ခရမ်းသီးနှပ်ဟင်းလျာလေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ခရမ်းသီးနှပ် အစပ်ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၂ လုံး
  • ငရုတ်သီး ၄ တောင့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်းတစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည် ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို လက်မဝက်အထူ၊ တစ်လက်မ အရှည်ခန့် လှီးဖြတ်ထားပါ။ ငရုတ်သီးတောင့်ကို ပါးပါးလှီးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ တစ်မိနစ်ပြည့်ပါက ငရုတ်သီး၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ ဂျင်း၊ သကြား၊ နှမ်းဆီ၊ နှမ်းစေ့နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ပါဝင်အစားအစာများအားလုံး သမသွာားသည်အထိ မွှေပြီးနောက်မှာတော့ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ခရမ်းသီးနှပ် အစပ်ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Koreanbapsang.com