အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်ဟင်းခါးသီး ငါးကြော်နှပ်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါး ၃၅၀ ဂရမ်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဟင်းခါးသီး ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ရေနွေးပူ ၅၀ မီလီလီတာ
  • ဂျင်း ၂၀ ဂရမ် (ပါးပါးလှီးထားပါ)

  • ကြက်သွန်မြိတ် ၄၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ပဲပိစပ်အနှစ် ၁၀ ဂရမ်
  • ကြက်သွန်ဖြူ ၁၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၃ တောင့်

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးများကို ရေဆေးပြီးနောက် အတုံးခပ်ကြီးကြီး လှီးထားပါ။ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် နှမ်းဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ သကြားနှင့် ဆားတို့ကို သမအောင် ရောမွှေပါ။

၃။ ဒယ်အိုးထဲသို့ ရေထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

ရေနွေးဆူလာပြီဆိုရင်တော့ ကြက်ဟင်းခါးသီးများထည့်ကာ ၁ မိနစ်ခန့် ပြုတ်ပါ။ ထို့နောက် ရရှိလာတဲ့ ကြက်ဟင်းခါးသီးများကို ဆယ်ယူလိုက်ပါ။

၄။ ငါးများကို ပြောင်းမှုန့်ဖြင့် သမအောင် ထပ်နယ်ထားပါ။

၅။ ဒယ်အိုးပူထဲ ဆီထည့်ကာ ဆီပူလာပါက ငါးများ ထည့်ကြော်လိုက်ပါ။ ငါးများ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပြီးပါက ဆယ်ယူလိုက်ပါ။

၆။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထပ်ထည့်ပြီး ကြက်သွန်ဖြူ ထည့်ကာ ဆီသတ်ပါ။ ကြက်သွန်နီနှင့် ဂျင်းနှင့် ငရုတ်သီးတို့ထည့်ပြီး သမအောင် ရောမွှေပါ။ နောက်ဆုံးအနေနဲ့ ပဲပိစပ်အနှစ်ထည့်ကာ သမအောင် ထပ်မွှေပါ။

၇။ ပြီးရင်တော့ ကြက်ဟင်းခါးသီးထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။ ပဲငံပြာရည်အရောအနှောတို့ လောင်းထည့်ကာ သမအောင် မွှေပါ။

၈။ ထို့နောက် ရေနွေးပူ အနည်းငယ် ထပ်ထည့်ပါ။ ငါးကြော်များထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဟင်းခါးသီး ငါးကြော်နှပ်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Snapguide.com