အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ချဉ်စပ်ကင်ချီကြော် အရံဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်ချီ ၁ ပေါင်ခန့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကင်ချီကို တစ်လက်မခန့်အရှည်ခန့် လှီးဖြတ်ထားပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကင်ချီ၊ ကြက်သွန်နီတို့ထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ထို့နောက် သကြားနှင့် ငရုတ်နှစ်တို့ထည့်ကာ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ကင်ချီများ ပျော့သွားပါက မီးဖိုပေါ်က ချပြီး နှမ်းဆီထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ်နဲ့ အရသာရှိတဲ့ ကင်ချီအစပ်ကြော် အရံဟင်းလျာလေး ရရှိသွားပါပြီ။ လေလုံဘူးထဲထည့်ကာ ရေခဲသေတ္တာထဲထည့်သိမ်းထားမယ်ဆိုရင်တော့ ရက်သတ္တပတ် တစ်ပတ်တိတိ အထားခံပါတယ်။

Source: Maangchi.com