ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တာကတော့ ကင်ချီနဲ့ ရောချက်ထားတဲ့ ဝက်သားအစပ်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ
  • ဝက်သား ၅၀၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ကင်ချီ ပန်းကန်လုံးအသေး တစ်လုံးစာ
  • ငရုတ်သီးတောင့် ၁ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ထို့နောက် ကြက်သွန်နီထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ဝက်သားထည့်ကာ သမအောင် မွှေပါ။ သကြား၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၈ မိနစ်ခန့် သမအောင် မွှေပါ။

၃။ ထို့နောက် ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ဆန်ဝိုင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပါ။ စက္ကန့် ၃၀ ခန့် မွှေကြော်ပြီးနောက်မှာ ကင်ချီထည့်ပါ။ နောက်ထပ် ၅ မိနစ်ခန့် မွှေပါ။

၄။ နောက်ဆုံးအဆင့်အနေနဲ့ ငရုတ်သီးများထည့်ကာ ၁ မိနစ်ခန့် တည်ပါ။ ၁ မိနစ်ပြည့်တဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကင်ချီ ဝက်သားဟင်း စပ်စပ်လေး ရရှိသွားပါပြီ။ ကြက်သွန်မြိတ်၊ ငရုတ်သီးတို့ဖြင့် ထပ်မံအလှဆင်လို့လည်း ရပါသေးတယ်။

Source: Gildedgingerbread.com