ဟင်းသီးဟင်းရွက်များက ရောဂါဘယများကို ကာကွယ်ပေးနိုင်တယ်လို့ ကျန်းမာရေးဗဟုသုတအနေနဲ့ အားလုံးပဲ သိရှိပြီးပြီဖြစ်ပါတယ်။

ထိုဟင်းသီးဟင်းရွက်စုံကို အရသာရှိအောင် ဘယ်လိုကြော်စားမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၁၀၀ ဂရမ် (ပန်းပွင့်များကို အနေတော် လှီးဖြတ်ထားပါ)
  • ဘိုစားပဲ (သို့) ပဲသီး ၁၀၀ ဂရမ် (မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုး)
  • သစ်အယ်သီး ၂၀၀ ဂရမ်
  • ပြောင်းဖူးအသေး ၄၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

  • မျှစ် ၁၀၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်ပြုတ်ရည် ၆၅ မီလီလီတာ
  • ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ထားပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး စက္ကန့် ၃၀ ခန့် ဆီသတ်လိုက်ပါ။ ထို့နောက် ပန်းဂေါ်ဖီ၊ ပဲသီး၊ မျှစ်၊ သစ်အယ်သီးနဲ့ ပြောင်းဖူးတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ဒယ်အိုးထဲသို့ ကြက်ပြုတ်ရည်ထည့်ကာ ၃ မိနစ်ခန့် ဆက်တည်ထားလိုက်ပါ။ ထို့နောက် ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ပြောင်းမှုန့်တို့ထည့်လိုက်ပါ။

၃။ ဟင်းရည်အနှစ်များ ဆူပွက်လာဖို့အတွက်ဆိုရင်တော့ ၃ မိနစ်ခန့် ဆက်တည်ထားရပါမယ်။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ အသီးအရွက်စုံ အစိမ်းကြော်လေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com