ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက် – ၁၆၀ ဂရမ်၊ ကောက်ရိုးမှို – ၁၀၀ ဂရမ်
- ပဲငါးပိ – ၃ ဇွန်း၊ ကြက်သွန်ဖြူ – ၅ တက်
- ငရုတ်သီးစိမ်း – အနည်းငယ် နှင့်သံလွင်ဆီ – ၂ ဇွန်း
- ငါးငံပြာရည် နှင့်ငရုတ်ကောင်းမှုန့် – အနည်းငယ်
- အသားမှုန့် နှင့် နှမ်းဆီမွှေး အနည်းငယ်
ပြုလုပ်နည်း
ကန်စွန်းရွက်ကို သန့်စင်အောင်ဆေးပြီး ရေးနွေဖျော့ပါ။ ကောက်ရိုးမှုကို ထက်ခြမ်းလှီးပါ။ ငရုတ်သီးစိမ်းကို ဓားပြားရိုက်ပါ။
သံလွင်ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကောက်ရိုးမှို၊ ပဲငါးပိ၊ ငရုတ်သီးစိမ်းကိုထည့်ပါ။
ခရုဆီ၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့် ထည့်ပြီး ကန်စွန်းရွတ်ကို ကြော်ပါ။ အဆုံးတွင် နှမ်းဆီမွှေးကိုထည့်ပါ။