အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးကြိုက်နှစ်သက်သူတွေအတွက် ဟင်းပွဲအနေနဲ့သာမက အကင် ကင်စားတဲ့အခါ တွဲဖက်အစားအစာအနေနဲ့ပါ စားသုံးနိုင်တဲ့ အာလူး ဝက်ပေါင်ခြောက်ရောကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၁ ပေါင် (အခွံခွာထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဝက်ပေါင်ခြောက် ၃ အောင်စ (လက်မဝက်အတုံး တုံးထားပါ)
  • မုန်လာဥနီ တစ်ဝက် (အတုံးသေး တုံးထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီထည့်ပါ။ ဆီပူလာပါက အာလူးနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။

၂။ ထို့နောက် မီးအပူချိန်ကို အနည်းငယ်လျော့ပြီးနောက် ကြက်သွန်နီ၊ ဝက်ပေါင်ခြောက်၊ မုန်လာဥနီတို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။

၃။ ထို့နောက် မီးအပူချိန် အနည်းငယ်ထပ်လျော့ပါ။ ရေ၊ ပဲငံပြာရည်နှင့် သကြားတို့ထည့်ကာ နှစ်ကြိမ်ခန့်မွှေပါ။ ထို့နောက် အိုးအဖုံး ပိတ်ကာ အာလူးများ နူးအိသွားသည်အထိ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ အာလူးများ နူးအိသွားတဲ့အခါ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် လိုအပ်ပါက ပဲငံပြာရည် ထပ်ထည့်နိုင်ပါတယ်။

ထို့နောက် မီးဖိုပေါ်ကချကာ နှမ်းဆီများ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူး ဝက်ပေါင်ခြောက်ရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

ထမင်းကြော်နဲ့လည်း တွဲဖက်စားသုံးနိုင်သလို အကင် ကင်စားတဲ့အခါမှာလည်း တွဲဖက်အစားအစာတစ်မျိုးအဖြစ် စားသုံးနိုင်ပါတယ်။

Source: Maangchi.com