အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ တရုတ်အစားအစာ နှစ်သက်သူများအတွက် ရှန်ဟိုင်းစတိုင်လ် ကြော်ထားတဲ့ ကြက်သား ဆန်မုန့်ရောကြော် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်မုန့် ၁၆ အောင်စ
  • ကြက်ရင်အုံသား ၁ ပေါင် (ခပ်ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ချီတာကီမှို ၅ ပွင့် (ပါးပါးလှီးထားပါ)
  • မုန်ညှင်းထုပ် ပန်းကန်လုံး ၄ လုံးစာ (၂ လက်မအရှည် လှီးဖြတ်ထားပါ)

  • ကြက်သွန်မြိတ် ၃ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • ပဲငံပြာရည် အကြည်နှင့် အနောက် စားပွဲတင်ဇွန်း ၂ ဇွန်းစီ၊ ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆန်မုန့်အခြောက် အသုံးပြုမယ်ဆိုပါက ၃ နာရီ (သို့) တစ်ညတာခန့် ရေခဲသေတ္တာထဲ ထည့်ကာ ရေဖြင့် ကြိုတင်စိမ်ထားရပါမယ်။

ထို့နောက် ဆန်မုန့်ကို အနေတော်အတုံး လှီးဖြတ်ထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်အကြည်နှင့် အနောက်၊ ခရုဆီ၊ သကြားညို၊ ရှာလကာရည်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ သမအောင် ရောမွှေလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

၄။ ကြက်သားများ ကျက်သွားပြီဆိုရင်တော့ မှိုနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ဆန်မှုန်များထည့်ပါ။ ပဲငံပြာရည်အရောအနှောများကို စားပွဲတင်ဇွန်း ၄ ဇွန်းစာခန့် ခပ်ယူပြီးနောက် ဟင်းအိုးထဲထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ မုန်ညှင်းရွက်များထည့်ပါ။ ကျန်ရှိနေသော ပဲငံပြာရည်ဆော့စ်များအားလုံး လောင်းထည့်ပြီးနောက်မှာ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့်ကြော်ပါ။

ဟင်းရွက်များရော ဆန်မုန့်ပါ နူးအိသွားပြီဆိုရင်တော့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သား ဆန်မုန့်ရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Drivemehungry.com