မင်္ဂလာပါ MyFood Myanmar က စာဖတ်ပရိသတ်တို့ရေ… အိမ်တွင်းအောင်းနေရတာ ပျင်းနေကြပြီနဲ့တူတယ်နော်။

အပျင်းလည်းပြေအောင် အရသာရှိတဲ့အစားအစာတွေလည်း စားသုံးလို့ရအောင် ဒီတစ်ခါမှာတော့ ပင်လယ်စာခေါက်ဆွဲကြော် ကြော်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ တစ်ထုပ်
  • ဂျင်း ၂ ပြား (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်နီ တစ်ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • ဂေါ်ဖီထုပ် ၈ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ တစ်ဝက် (အချောင်းလိုက်လှီးဖြတ်ထားပါ)

  • ပုစွန် ၁၀ ကောင်
  • ကြက်သွန်မြိတ် ၂ ပင် (လက်မဝက်အရှည် လှီးဖြတ်ထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် နှမ်းစေ့အနည်းငယ်

ဟင်းခပ်အမွှေးအကြိုင်များ

  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ခေါက်ဆွထြည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ထို့နောက် ရေခဲရေထဲထည့်ကာ အအေးခံပြီးနောက် ပန်းကန်လုံးတစ်လုံးထဲသို့ ဆယ်ယူထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ကြက်သွန်နီထည့်ပြီး နောက်ထပ် တစ်မိနစ်ခန့် ဆီသတ်လိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဂေါ်ဖီ၊ မုန်လာဥနီတို့ထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၄။ ပုစွန်နှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ခေါက်ဆွဲထည့်ပြီးနောက် ဟင်းခပ်အမွှေးအကြိုင် ပါဝင်ပစ္စည်းများအားလုံး ပေါင်းထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ ပင်လယ်စာခေါက်ဆွဲတစ်ပွဲ ရရှိသွားပါပြီ။ နှမ်းကြိုက်သူများအနေနဲ့ စားခါနီးကျမှ နှမ်းအနည်းငယ်ဖြူးထည့်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Spicetheplate.com