အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ခရုဆီ ထည့်ကြော်ထားပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကညွှတ် အမဲသားကြော်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားေးသာ ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကညွှတ် ၁ စည်း (ရင့်သောအပိုင်းကို လှီးထုတ်ပြီးနောက် ၁ လက်မခွဲအရှည် လှီးဖြတ်ထားပါ)
  • အမဲသား ၁ ပေါင် (ခပ်ပါးပါးနှင့် ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)

ကြော်ရန် လိုအပ်သောဆော့စ်

  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ် ပြုလုပ်ဖို့ရန်အတွက် ပန်းကန်လုံးတစ်လုံးထဲတွင် ခရုဆီ၊ ပဲငံပြာရည်၊ သကြား၊ ပြောင်းမှုန့်နှင့် ရေတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ပဲငံပြာရည်၊ ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီနှင့် ပြောင်းမှုန့်တို့ကို သမအောင် ရောနယ်ပါ။ ထို့နောက် အမဲသားထည့်နယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ အမဲသားတုံးများ ထည့်ကာ ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်လိုက်ပါ။ အမဲသားနှစ်ဖက်ခြမ်းစလုံး ကြော်ပြီးသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၄။ ဒယ်အိုးထဲရှိ လက်ကျန်ဆီများဖြင့် ဂျင်းနှင့် ကြက်သွန်မြိတ်တို့ကို ဆီသတ်ပါ။ ထို့နောက် ကညွှတ်ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ ပြီးရင်တော့ ဆော့စ်နှင့် အမဲသားတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်လိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

နှမ်း ကြိုက်သူများအနေနဲ့ နှမ်းစေ့အနည်းငယ်ဖြူးထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ကညွှတ်ရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Jeanetteshealthyliving.com