အစားစားတဲ့အခါ အာဟာရညီညွှတ်မျှတဖို့ လိုအပ်ပါတယ်။ အသားထဲမှ ရရှိတဲ့ အာဟာရဓာတ်ကလည်း လိုအပ်သလိုပဲ ဟင်းသီးဟင်းရွက် စားသုံးဖို့လည်း မမေ့ရပါဘူး။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အရန်ဟင်းတစ်မျိုးအဖြစ်စားသုံးနိုင်မယ့် ခရမ်းသီးအစပ်ချက်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၂ လုံး
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးဆော့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆီအနည်းငယ်

  • နုတ်နုတ်စင်းထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီး၊ နုတ်နုတ်စင်းထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (အနေတော် လှီးဖြတ်ထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

ခရမ်းသီးများကို အနေတော်အတုံး တုံးထားပြီး ရေထဲမှ ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ထို့နောက် အိုးအကြီးတစ်လုံးထဲမှာ ရေထည့်ထားပြီး ဆီအနည်းငယ်၊ ဆားအနည်းငယ်ထည့်ကာ ဆူပွက်အောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက ခရမ်းချဉ်သီးများ ထည့်ပြီး တစ်မိနစ်၊ နှစ်မိနစ်ခန့် တည်ထားလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းက ခရမ်းသီးထဲ ဆီစိမ့်ဝင်မှုနည်းအောင် ပြုလုပ်ပေးပြီး ချွဲကျိကျိဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီအနည်းငယ်ထည်ကာ ဂျင်း၊ ကြက်သွန်ဖြူထည့်ပြီး မွှေပေးလိုက်ပါ။ တစ်ဆက်တည်းမှာပဲ ငရုတ်သီးအနှစ်လေးထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

ထို့နောက် ခရမ်းသီးနဲ့ ပဲငံပြာရည်ထည့်ကာ ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်များထည့်ပြီး မီးပိတ်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီးအစပ်ချက် ဟင်းလျာလေးတစ်ခွက် ရရှိသွားပါပြီ။

Source: Ohsnapletseat.com