အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သတ်သပ်လွတ်သမားတွေအတွက်ရော အစပ်ကြိုက်သူတွေအတွက်ပါ အကြိုက်တွေ့စေမယ့် ကန်စွန်းရွက် အစပ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းရွက် ၃၀၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ဂျင်း ၁၀ ဂရမ် (နုပ်နုပ်စင်းထားပါ)
  • ရေ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ငရုတ်သီး ၄ တောင့်

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ

  • အချဉ်ဖောက်ထားသော ပဲပြား (သို့) တို့ဖူး စားပွဲတင်ဇွန်း တစ်ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခရုဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ကန်စွန်းရွက်ကို ဆားရည်ထဲမှာ သေသေချာချာဆေးကြောလိုက်ပါ။

၂။ ထို့နောက် ကန်စွန်းရွက်များကို အနေတော်အရွယ်အစားခန့် ချွေထားလိုက်ပါ။

၃။ ဂျင်းတုံးကို အခွံခွာ၊ ရေဆေးပြီးနောက် နုပ်နုပ်စဉ်းထားလိုက်ပါ။

၄။ ငရုတ်သီးများကို အရွယ်အစားမထူမပါးခန့် လှီးဖြတ်ထားလိုက်ပါ။

၅။ ထို့နောက် ဆော့စ်ပြုလုပ်ဖို့ ပြင်ဆင်ရပါမယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ အချဉ်ဖောက်ထားသော ပဲပြား (သို့) တို့ဖူး၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီနှင့် ခရုဆီတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဂျင်းများထည့်ပြီး ၁၀ စက္ကန့်ခန့် ဆီသတ်ပေးလိုက်ပါ။

၇။ ထို့နောက် ငရုတ်သီးနှင့် စောစောက နယ်ထားသော ဆော့စ်များထည့်ပြီး တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

၈။ ကန်စွန်းရွက်များထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ ရေအနည်းငယ်ထည့်ပြီး စက္ကန့် ၃၀ ခန့် ထပ်ကြော်ပေးရပါမယ်။

၉။ မီးပိတ်ပြီးနောက် စက္ကန့်အနည်းငယ်ခန့် မွှေပေးလိုက်ပါ။

ထို့နောက် ပန်းကန်ပြားထဲပြောင်းထည့်ပြီး ထမင်းပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com