အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာဟင်းချက်နည်းတွေကို စိတ်ဝင်စားတဲ့စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ အိန္ဒိယစတိုင်လ် မြေပဲ ခရမ်းသီးနှပ်ဟင်းလျာ ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၅၀၀ ဂရမ်
  • မြေပဲ ၆၀ ဂရမ် (ပန်းကန်လုံးတစ်ဝက်စာ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အုန်းသီးဖတ် ၁၂၀ ဂရမ် (ပန်းကန်လုံးတစ်လုံးစာ
  • ကြက်သွန်ဖြူ ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်နီ ၁ လုံး (နုပ်နုပ်စဉ်းထားပါ)

  • ဂျင်းတုံး တစ်ဝက် (နုပ်နုပ်စဉ်းထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (နုပ်နုပ်စဉ်းထားပါ)
  • နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ မဆလာ လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၄ ဇွန်းအထိ
  • ရေ ၅၀၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို ရေဆေးပြီးနောက် အနေတော် အတုံး တုံးထားပါ။ ထို့နောက် ဆားရေထဲတွင် မိနစ် ၂၀ ခန့် စိမ်ထားပါ။

၂။ ဒယ်အိုးပူထဲတွင် မြေပဲလှော်ထားပါ။ မြေပဲက အညိုရောင်ပြောင်းသွားပါက နှမ်းစေ့ထည့်ပါ။ အုန်းသီးဖတ်ထည့်ပြီး အနံ့မွှေးလာသည်အထိ လှော်ပေးရပါမယ်။ ထို့နောက် ပန်းကန်လုံးထဲထည့်ကာ အအေးခံထားလိုက်ပါ။

အေးသွားပါက ငရုတ်ဆုံထဲထည့်ပါ။ ကြက်သွန်နီ တစ်ဝက်၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ညှက်နေအောင် ထောင်းပေးလိုက်ပါ။ ထို့နောက် ရေအနည်းငယ်ထည့်ကာ အနှစ်ဖြစ်သွားသည်အထိ ထောင်းပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကျန်ရှိနေသော ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ပြီးရင်တော့ စောစောက ထောင်းထားသောအနှစ်များထည့်ပါ။

၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပြီးနောက်မှာတော့ ခရမ်းချဉ်သီး၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ မဆလာတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ခရမ်းသီးထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။ ရေ ၅၀၀ မီလီလီတာထည့်ကာ သမအောင် မွှေပေးပါ။ ပြီးရင်တော့ အိုးအဖုံးပိတ်ထားပြီး နာရီဝက်ခန့် တည်ထားလိုက်ပါ။

နာရီဝက်ပြည့်သွားတဲ့အခါမှာတော့ အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ အိန္ဒိယစတိုင်လ် မြေပဲ ခရမ်းသီးနှပ်ဟင်းလေး ရရှိသွားပါပြီ။

Source: Vegrecipesofindia.com