အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ အချဉ်တစ်မျိုးမျိုးပါမှ စားဝင်တယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်ကင်ချီအစာသွပ် သခွားသီးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး ၅ လုံး
  • ရေ ၁ လီတာခွဲခန့်
  • ပင်လယ်ဆား အနည်းငယ်
  • ကြက်သွန်မြိတ် ၃ အောင်စခန့်
  • မုန်လာဥဖြူ ၃ အောင်စခန့်

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားဖြင့် နယ်ထားသော ပုစွန် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးကို ရေဖြင့် ဆေးကြောပြီးနောက် ထိပ်နှစ်ဖက်ကို လှီးဖြတ်ထားလိုက်ပါ။

၂။ ရေ ၁ လီတာခွဲခန့်ထဲသို့ ဆားထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက သခွားသီးများထည့်ကာ ၁ နာရီ၊ ၂ နာရီခန့် စိမ်ထားလိုက်ပါ။

၃။ ကြက်သွန်မြိတ်နှင့် မုန်လာဥဖြူတို့ကို ပါးပါးလှီးထားပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ထားပြီးနောက် ငရုတ်သီးမှုန့်၊ ပုစွန်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် သကြားတို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၄။ ဆားရေစိမ်ထားသော သခွားသီးများကို အစာသွပ်လို့ရတယ်ဆိုရုံလောက်သာ ဓားရာပေးလိုက်ပါ။

၅။ ထို့နောက် ဓားရာပေးထားသော နေရာကို လက်ဖြင့်အသာအယာခွာလိုက်ပြီးနောက် စောစောကနယ်ထားသော အစာသွပ်များကို သိပ်ထည့်လိုက်ပါ။ သခွားသီးများ အားလုံးကို အစာသွပ်ပြီးသွားတဲ့အခါမှာတော့ ကင်ချီအရည်လေး ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ကင်ချီအစာသွပ် သခွားသီးလေး ရရှိသွားပါပြီ။

Source: Koreanbapsang.com