အားလုံးပဲ မင်္ဂလာပါ။ အသားနှင့် ဟင်းသီးဟင်းရွက်တို့ရဲ့ ပရိုတင်းဓာတ်များ၊ ဗီတာမင်နဲ့ သတ္တုဓာတ်များကို ညီညွှတ်မျှတစွာ စားသုံးချင်သူများအတွက် ဝက်သားအစာသွပ် ခရမ်းသီးကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ဝက်သား ၁၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ၁ လက်မပတ်လည် ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ခရမ်းသီး ၂ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တရုတ် ကြက်သွန်ဖြူဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ငရုတ်သီး ၃ တောင့်
  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ၁ လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို ၂ စင်တီမီတာ အထူ လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် ခရမ်းသီး အစာသွပ်လို့ရဖို့အတွက် အလယ်တည့်တည့်ကို ခွဲထားပေးလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ဖောက်ထည့်လိုက်ပါ။ ထို့နောက် ဝက်သား၊ ဆား၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင် နယ်လိုက်ပါ။ ရရှိလာတဲ့အစာကို ခရမ်းသီးထဲ ထည့်သိပ်ပေးလိုက်ပါ။

၃။ အခြားပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပြောင်းမှုန့်၊ ဂျုံမှုန့်နှင့် ကြက်ဥ တစ်လုံးတို့ကို ဖောက်ထည့်လိုက်ပါ။ ခရမ်းသီးအစာသွပ်များကို ထိုပန်းကန်လုံးထဲတွင် ထည့်နှစ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီး အစာသွပ်များ ထည့်ကြော်ပေးလိုက်ပါ။ ခရမ်းသီးက ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲ ဆယ်ယူထားလိုက်ပါ။

၅။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။

၆။ ဒယ်အိုးထဲတွင် ထိုဆော့စ်များ ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ခရမ်းသီးကြော်များထည့်ကာ သမအောင် ထပ်ကြော်ပေးရပါမယ်။

ဆော့စ်နှင့် အကြော်များ ရောနှောပျံ့နှံ့သွားပြီဆိုရင်တော့ ပန်းကန်ပြားထဲပြောင်းထည့်ကာ ကြက်သွန်မြိတ်များ ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားအစာသွပ် ခရမ်းသီးကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com