အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ အမဲသားအစာသွပ် ငရုတ်ပွပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွ ၆ ခု
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ရှမ်းနံနံ (ပါးပါးလှီးထားပါ)

  • ခရမ်းချဉ်သီး ၄ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ခရမ်းချဉ်သီးဆော့စ် စည်သွပ်ဘူး ၁ ဘူး
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ပင်စိမ်းရွက် အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • အမဲသား ၁ ပေါင်ခွဲ (နုပ်နုပ်စဉ်းထားပါ)
  • ထမင်း ပန်းကန်လုံး ၁ လုံးခွဲစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်ပွရဲ့ထိပ်ပိုင်းကို လှီးထုတ်ထားပါ။ ထို့နောက် ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ။ ပြီးရင် အထဲကအစေ့များကို ဖယ်ရှားလိုက်ပါ။

လှီးထုတ်ထားသော ထိပ်ပိုင်းကို ပါးပါးလှီးပါ။ ကျန်ရှိနေသော ငရုတ်ပွကိုတော့ ဆားရေထဲထည့်ကာ ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီနှင့် ထောပတ်တို့ထည့်ပါ။ ထောပတ်များ အရည်ပျော်သွားပါက ပါးပါးလှီးထားသော ငရုတ်ပွ၊ ကြက်သွန်နီနှင့် ရှမ်းနံနံတို့ထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပါ။

၃။ ထို့နောက် ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးဆော့စ်၊ ကြက်သွန်ဖြူ၊ ပင်စိမ်းရွက်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံထည့်ကာ ၁၀ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၄။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥကို မွှေခလောက်ထားပါ။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ အမဲသား စဉ်းကော၊ ထမင်းနှင့် စောစောက ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁၆ ဇွန်းထည့်ကာ သမအောင် နယ်ဖတ်လိုက်ပါ။

၅။ ထို့နောက် Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။

၆။ ထို့နောက် ငရုတ်ပွထဲသို့ ခရမ်းချဉ်သီးဆော့စ်ဖြင့် နယ်ဖတ်ထားသော အမဲသားအစာသွပ်များ ထည့်လိုက်ပါ။

ကျန်ရှိနေတဲ့ ခရမ်းချဉ်သီးဆော့စ်များကို အပေါ်မှ ဆမ်းထည့်ပေးလိုက်ပါ။ ထို့နောက် Oven ထဲတွင် ၄၅ မိနစ်ခန့် ထည့်ကာ အပူပေးပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာ အရသာရှိတဲ့ အမဲသားအစာသွပ် ငရုတ်ပွလေး ရရှိသွားပါပြီ။

Source: Thespruceeats.com