အားလုံးပဲ မင်္ဂလာပါ။ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မှိုအစာသွပ် ဝက်မိုးခိုသားဟင်း ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဝက်ပေါင်ခြောက် ၂ ပြား (အတုံးသေးသေး တုံးထားပါ)
  • မှို ၆ အောင်စ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂ ဥ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ဝက်မိုးခိုသား ၁ ပေါင်ခွဲ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်သွန်ဖြူ ၁ ဥ (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

Oven ထဲထည့်လို့ရမယ့် ဒယ်အိုးကို မီးဖိုပေါ်တွင် အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်ပေါင်ခြောက်များထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။ ဝက်သားများ အညိုရောင် ပြောင်းသွားပါက မှိုနှင့် ကြက်သွန်နီများထည့်ကာ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ပါးပါးလှီးထားးသော နံနံပင်နှင့် ပါးပါးလှီးထားသော ကြက်သွန်ဖြူတို့ ပေါင်းထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ဝက်မိုးခိုသားကို အလယ်တည့်တည့်ကနေ လှီးဖြတ်ပြီး ဖွင့်လိုက်ပါ။ ထို့နောက် ပလပ်စတစ်ခံကာ အလေးတုံးဖြင့် ပြားနေအောင် ထုချလိုက်ပါ။

ထို့နောက် စောစောက ကြော်ထားသော ဝက်ပေါင်ခြောက် မှိုအရောအနှောကို ဝက်သားပြားထဲ ထည့်ပြီးနောက် ဝက်သားကို လိပ်လိုက်ပါ။ ထို့နောက် မြဲသွားဖို့ရန်အတွက် သွားကြားထိုးတံဖြင့် ညှပ်ထားလိုက်ပါ။ ပြီးရင်တော့ ဝက်မိုးခိုသားကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးလိုက်ပါ။

၄။ စောစောကကြော်ထားသော ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက အစာသွပ်ထားသော ဝက်မိုးခိုသားထည့်ကာ တစ်ဖက်ခြမ်းစီကို ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ (စုစုပေါင်း ၆ မိနစ်မှ ၈ မိနစ်ခန့် ကြာပါလိမ့်မယ်။)

ထို့နောက် ထိုဝက်သားအိုးကို Oven ထဲတွင် ၁၈ မိနစ်မှ မိနစ် ၂၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ထိုဝက်မိုးခိုသားကို စဉ်းနီတုံးပေါ် တင်ပြီး အအေးခံထားလိုက်ပါ။ ထို့နောက် အကွင်းလိုက် ခပ်ထူထူ လှီးဖြတ်ပေးရပါမယ်။

အားလုံးလှီးဖြတ်ပြီးပါက ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှိုအစာသွပ် ဝက်မိုးခိုသားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Natashaskitchen.com