အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ဝက်သားအစာသွပ် အာလူးပန်ကိတ်ကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၅ လုံး (သို့) ၆ လုံး (အခွံခွာထားပါ)
  • ကြက်သွန်နီ အလုံးကြီး ၁ ဥ (အခွံခွာထားပါ)
  • ကြက်ဥ ၁ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • Sour ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဝက်သား ၁ ပေါင်ခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးနှင့် ကြက်သွန်နီတို့ကို အနှစ်များဖြစ်သွားအောင် ခြစ်ပြားဖြင့် ခြစ်ပေးလိုက်ပါ။

ဖျော်စက်ထဲ ထည့်ကြိတ်မယ်ဆိုလည်း ရပါတယ်။ ဒါဆိုရင်တော့ အာလူးနှင့် ကြက်သွန်နီတို့ကို အတုံးသေးသေး အရင်တုံးဖို့တော့ လိုပါလိမ့်မယ်။

အာလူးနှင့် ကြက်သွန်အနှစ်များ ရလာတဲ့အခါမှာတော့ အရည် စားပွဲတင်ဇွန်း ၅ ဇွန်းစာခန့် ဖယ်ထုတ်လိုက်ပါ။

အာလူး ကြက်သွန်အနှစ်များကို သမအောင် နယ်ပြီးတဲ့အခါ စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့်ကို သပ်သပ်ဖယ်ထားလိုက်ပါ။

၂။ ထို့နောက် အာလူး ကြက်သွန်အနှစ်ထဲသို့ ကြက်ဥ ၁ လုံး ဖောက်ထည့်လိုက်ပါ။ ဂျုံမှုန့်၊ Sour ခရင်မ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် ရောနယ်ပါ။

၃။ နုပ်နုပ်စဉ်းထားသောဝက်သားကိုတော့ အခြားပန်းကန်လုံးထဲ ထည့်ထားပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ ဖယ်ထားသော အာလူး ကြက်သွန်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့်ထည့်ကာ သမအောင် ရောနယ်ပါ။

၄။ ထို့နောက် ဝက်သားများကို အသားပြား ၁၆ ပြားခန့်ရအောင် ပြုလုပ်ထားပါ။

၅။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက အာလူးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့်စီကို ဆီပူထဲထည့်ပါ။ ထို့နောက် ဇွန်းဖြင့် ပြားနေအောင် ဖိလိုက်ပါ။ ထိုအာလူးပြားပေါ်သို့ ဝက်သားပြား ၁ ပြား ထပ်လိုက်ပါ။ ထို့နောက် ထိုဝက်သားပြားပေါ်သို့ အာလူး စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့် ထပ်တင်ကာ အုပ်ပေးလိုက်ပါ။

လေးမိနစ်ခန့် ကြော်ပြီးတဲ့အခါမှာတော့ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၄ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ကျန်ရှိနေတဲ့ အာလူးအနှစ်နဲ့ အသားပြားများကိုလည်း ထိုနည်းအတိုင်း ဆက်ကြော်ပေးရပါမယ်။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားအစာသွပ် အာလူးပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

Source: Natashaskitchen.com