အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အာလူးအစာသွပ် ပဲပြားလုံးကြော်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၂ တုံး
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး တစ်တုံး (ညှက်နေအောင် ထောင်းထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • ဆား စားပွဲတင်ဇွန်း ၁ ဇွန်း

  • အာလူး ၄ လုံး
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် ၆၄ ဂရမ်
  • ကြက်ဥ ၃ လုံး
  • ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို ကုဗတုံးပုံသဏ္ဍာန် တုံးထားပြီးနောက် ဆားဖြင့် နယ်ထားကာ ကြော်ထားလိုက်ပါ။ အာလူးကို ပြုတ်ကာ ညှက်နေအောင် ထောင်းထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အာလူးထောင်းကို ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ပြီးနောက် ကြက်ဥ ၁ လုံးဖောက်ထည့်ကာ ထပ်နယ်ပေးလိုက်ပါ။

၃။ ပဲပြားကြော်ကို ထောင့်ဖြတ်အတိုင်း လှီးဖြတ်ပြီးနောက် အထဲက ပဲပြားများကို ခွာထုတ်ပြီး အာလူးပန်းကန်ထဲ ရောနယ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပဲပြားတစ်တုံးစီမှာ အခွံနှစ်ခု ရသွားပါလိမ့်မယ်။

၄။ ထိုပဲပြားအခွံထဲသို့ အာလူးအစာသွပ်များထည့်ကာ ပိတ်ထားလိုက်ပါ။ အာလူးအစာသွပ်ရော ပဲပြားအတုံးများပါ ကုန်သွားသည်အထိ ပြုလုပ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ အာလူး ပဲပြားလုံးများကို မွှေခလောက်ထားတဲ့ ကြက်ဥပန်းကန်ထဲထည့်ကာ ကြက်ဥနှင့် ကပ်ပေးလိုက်ပါ။ ထို့နောက် ဂျုံမှုန့်ဖြင့် ထပ်ကပ်ပေးပြီးနောက် ကြက်ဥနှင့် ထပ်ကပ်ပေးရပါမယ်။

၆။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီထည့်ကာ ထိုအာလူးပဲပြားလုံးများကို ထည့်ကြော်ပေးလိုက်ပါ။

၇။ ပဲပြားလုံးက ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ အာလူးအစာသွပ် ပဲပြားလုံးလေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Asianfoodnetwork.com