အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်များ ချက်ပြုတ်ပြီးတဲ့အခါ အမြင်လှသွားအောင် ဖွယ်ဖွယ်ရာရာလေး ပြင်ဆင်တတ်သူတွေအတွက် ဒီတစ်ခါမှာတော့ ခရမ်းချဉ်သီးခွက်ထဲ ထမင်းကြော် ဘယ်လိုထည့်မလဲဆိုတာကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တင်းတင်းရင်းရင်းရှိတဲ့ ခရမ်းချဉ်သီးအလုံးကြီး ၆ လုံး
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဝက်သား (သို့) ကြက်သား (သို့) အမဲသား (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၁ လုံးနှင့် ကြက်သွန်နီ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • နံနံပင် လက်တစ်ဆုပ်စာခန့်

  • ထမင်း တစ်ယောက်စာ
  • ချိစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီး ထိပ်ပိုင်းကို လှီးဖြတ်ပြီးနောက် အထဲက ခရမ်းချဉ်သီးအစေ့နဲ့ အသားများကို ဖယ်ထုတ်လိုက်ပါ။ Oven ကို ၃၅၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီထည့်လိုက်ပါ။ ဆီပူလာပါက နုပ်နုပ်စဉ်းထားသော အသားများထည့်ပြီး ၆ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူထည့်ပြီး နောက်ထပ် ၃ မိနစ် ထပ်ကြော်ပေးလိုက်ပါ။ ထမင်း၊ ချိစ်၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး နောက်ထပ် ၃ မိနစ် ထပ်ကြော်ပေးလိုက်ပါ။

၃။ Oven ထဲထည့်မယ့် လင်ဗန်းကို ဟင်းချက်စပရေးဖြန်းပြီးနောက် ခရမ်းချဉ်သီးများကို လင်ဗန်းပေါ် တင်ထားလိုက်ပါ။ ခရမ်းချဉ်သီးထဲသို့ ထမင်းကြော်များ အညီအမျှခွဲထည့်လိုက်ပါ။ ထို့နောက် လင်ဗန်းကို Oven ထဲထည့်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။

၄။ အချိန်ပြည့်သွားပါက Oven ထဲက ထုတ်ပြီး နံနံပင်လေး ဖြူးလိုက်ပါ။ ဒါဆိုရင်တော့ အမြင်သစ်တစ်မျိုးပေးစွမ်းပြီး အရသာလည်းရှိတဲ့ ခရမ်းချဉ်သီး ထမင်းကြော်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: dinneratthezoo.com