ထမင်းကြော် ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်နံရိုး၊ ဟင်းသီးဟင်းရွက် စုံစုံလင်လင်နဲ့ ကြော်ထားတဲ့ ဝက်နံရိုးထမင်းကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ထမင်း ပန်းကန်လုံးတစ်လုံးစာ
• ဝက်နံရိုး တစ်ပေါင်ခန့် (အနေတော်အတုံးတုံးထားပါ)
• မှို ၃ ပွင့်ခန့် (ပါးပါးလှီးထားပါ)
• ဂျင်း ၃ ပြားခန့်
• ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

• ပါးပါးလှီးထားသော ဟင်းသီးဟင်းရွက်များ ပန်းကန်လုံးတစ်လုံးစာ (မုန်လာဥနီ၊ ပဲလုံးစိမ်း၊ ပြောင်းဖူးနှင့် ပဲတောင့်ရှည် စသည့်ဟင်းသီးဟင်းရွက်များ)
• ရေ ၁၇၇ မီလီလီတာ
• နှမ်းဆီ အနည်းငယ်
အချဉ်ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

• ပဲငံပြာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းခွဲ
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း
• ခရုဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• သကြား စားပွဲတင်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲမှာ ခရုဆီ၊ ဟင်းချက်ဝိုင်၊ ခရုဆီနှင့် သကြားတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ဝက်နံရိုးများကို ထည့်ကြော်ပေးလိုက်ပါ။

၃။ ဝက်နံရိုးများ ရွှေညိုရောင်ပြောင်းသွားပါက မှိုနှင့် ဟင်းသီးဟင်းရွက်တို့ ထည့်ကြော်လိုက်ပါ။ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ ထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် စောစောကနယ်ထားသော အချဉ်ဆော့စ်များကို အိုးထဲသို့ လောင်းထည့်လိုက်ပါ။

၄။ ၅ မိနစ်ခန့်ကြာတဲ့အခါ အရည်များခမ်းသွားပါလိမ့်မယ်။ ထိုအချိန်ကျမှ ထမင်းထည့်ကာ ကြော်ပေးလိုက်ပါ။ ထမင်း၊ ဟင်းသီးဟင်းရွက်နှင့် ဝက်နံရိုးများကို သမသွားအောင် ရောကြော်ပေးလိုက်ပါ။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်ပေးလိုက်ပါ။


ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ်အတိပြီးတဲ့ ဝက်နံရိုး ထမင်းကြော်တစ်ပွဲ ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Spicetheplate.com