အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့အစားအသောက်ချစ်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ နာနတ်သီး ဝက်သားချိုချဉ်ကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁၅၀ ဂရမ်
  • နာနတ်သီး ၄ စိပ် ၁ စိပ် (အနေတော်အတုံး တုံးထားပါ)
  • ငရုတ်ပွ အနီ ၁ လုံး၊ အစိမ်း ၁ လုံး (လေးထောင့်အတုံးသေး တုံးထားပါ)
  • ဆီနှင့် ကြက်ဥ ၁ လုံး
  • ပြောင်းမှုန့် ၁၂၈ ဂရမ်

  • ဂျင်း ၂ ပြား
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်

ချိုချဉ်ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ဂျင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်၏ ဖြူသောအစိတ်အပိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ
  • သကြား စားပွဲတင်ဇွန်း တစ်ဝက်၊ Ketchup စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက် (ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေထားလိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို အနေတော်အတုံး တုံးထားပြီးနောက် ပန်းကန်လုံးအကြီးတစ်လုံးထဲ ပြောင်းထည့်ထားပါ။ ဆား၊ ဂျင်းနှင့် ပဲငံပြာရည်အကြည်တို့ဖြင့် သမအောင် ရောမွှေပြီးတဲ့နောက်မှာတော့ ၁၅ မိနစ်ခန့် သိပ်ထားလိုက်ပါ။ သတ်မှတ်ထားသော အချိန်ပြည့်ပါက ကြက်ဥတစ်လုံးဖောက်ထည့်ပြီးနောက် ပြောင်းမှုန့် ၃၂ ဂရမ်ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။

၂။ အခြားပန်းကန်ပြားထဲတွင် ကျန်ရှိနေသော ပြောင်းမှုန့််များ ထည့်ထားကာ စောစောက ဝက်သားကို ထိုပြောင်းမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ချိုချဉ်ဆော့စ် ကျိုရမှာပဲဖြစ်ပါတယ်။

ဒယ်အိုးကို အပူပေးပြီးနောက် ဟင်းသီးဟင်းရွက်ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ မီးအေးအေးဖြင့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် Ketchup နှင့် ရေ၊ ပဲငံပြာရည်အကြည်၊ ဆန်ရှာလကာရည်၊ သကြား၊ ပြောင်းမှုန့်နှင့် ရေအရောအနှောတို့ထည့်ကာ တစ်မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

ဆော့စ်အရည်များ ပျစ်သွားပါက ပန်းကန်လုံးထဲသို့ ဆယ်ယူထားလိုက်ပါ။

၄။ အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီများများထည့်ထားပါ။ ထို့နောက် ဝက်သားတုံးများထည့်ကာ ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သားတုံးများကို ဆယ်ယူထားလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ စောစောက ဒယ်အိုးထဲက ပိုလျှံနေသော ဆီအများအပြားကို ခပ်ထုတ်ပြီးနောက် ဆီအနည်းငယ်သာ ချန်ထားခဲ့ပါ။ ထို့နောက် နာနတ်သီးနှင့် ငရုတ်ပွတို့ထည့်ကာ နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။

၆။ ဟင်းသီးဟင်းရွက်များ နူးအိသွားပါက ချိုချဉ်ဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်လိုက်ပါ။ သမအောင် မွှေပြီးနောက် ဝက်သားကြော်များကို ဒယ်အိုးထဲထည့်ပါ။ ကျန်ရှိနေသော ချိုချဉ်ဆော့စ်များအားလုံး လောင်းထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ နာနတ်သီး ဝက်သားချိုချဉ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com