ပင်လယ်စာ ပုစွန်ဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပန်းဂေါ်ဖီစိမ်းနဲ့ ရောချက်ထားတဲ့ ပုစွန်ချိုချဉ်ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၃ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ကြက်သွန်မြိတ် ၁ စည်း (ပါးပါးလှီးပြီးနောက် အဖြူနှင့် အစိမ်းကို ခွဲထားပါ)
- နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- ပုစွန် အကောင်ကြီး ၂ ပေါင်ခန့် (အခွံခွာထားပါ)
- ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော်အတုံး လှီးဖြတ်ထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် Ketchup ၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်သီးဆော့စ်၊ ပြောင်းမှုန့်နှင့် ဆန်ရှာလကာရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ကြက်ပြုတ်ရည်ထည့်ကာ သမအောင် ထပ်မွှေပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်း)၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။
၃။ ထို့နောက် ပုစွန်ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် မွှေပါ။
၄။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်အရည်များ လောင်းထည့်ပါ။ ပန်းဂေါ်ဖီစိမ်းထည့်ကာ သမအောင် မွှေလိုက်ပါ။
ပြီးရင်တော့ ဟင်းရည်များ ပျစ်သွားသည်အထိ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ လိုအပ်ပါက ဆား အနည်းငယ် ထည့်နိုင်ပါတယ်။
ကျန်ရှိနေတဲ့ ကြက်သွန်မြိတ် (စိမ်းသောအစိတ်အပိုင်း)ကိုတော့ မီးဖိုပေါ်က ချခါနီးကျမှ ဖြူးထည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ပုစွန်ချိုချဉ်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။
Source: Onceuponachef.com