ပင်လယ်စာ ပုစွန်ဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပန်းဂေါ်ဖီစိမ်းနဲ့ ရောချက်ထားတဲ့ ပုစွန်ချိုချဉ်ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်မြိတ် ၁ စည်း (ပါးပါးလှီးပြီးနောက် အဖြူနှင့် အစိမ်းကို ခွဲထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပုစွန် အကောင်ကြီး ၂ ပေါင်ခန့် (အခွံခွာထားပါ)
  • ပန်းဂေါ်ဖီစိမ်း ၁ ပွင့် (အနေတော်အတုံး လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် Ketchup ၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်သီးဆော့စ်၊ ပြောင်းမှုန့်နှင့် ဆန်ရှာလကာရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ကြက်ပြုတ်ရည်ထည့်ကာ သမအောင် ထပ်မွှေပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်း)၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ပုစွန်ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် မွှေပါ။

၄။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်အရည်များ လောင်းထည့်ပါ။ ပန်းဂေါ်ဖီစိမ်းထည့်ကာ သမအောင် မွှေလိုက်ပါ။

ပြီးရင်တော့ ဟင်းရည်များ ပျစ်သွားသည်အထိ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ လိုအပ်ပါက ဆား အနည်းငယ် ထည့်နိုင်ပါတယ်။

ကျန်ရှိနေတဲ့ ကြက်သွန်မြိတ် (စိမ်းသောအစိတ်အပိုင်း)ကိုတော့ မီးဖိုပေါ်က ချခါနီးကျမှ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ပုစွန်ချိုချဉ်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Onceuponachef.com