အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ နာနတ်သီးနဲ့ ကြက်ချိုချဉ်ကြော်ဟင်းလျာတစ်ခွက် ရရှိသွားအောင် ဘယ်လိုပြင်ဆင်ချက်ပြုတ်နိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီး အတုံးများ ပန်းကန်လုံးအသေး ၁ လုံးစာ (နာနတ်သီးလှီးစဉ်မှာ နာနတ်သီးအရည် စားပွဲတင်ဇွန်း ၁၂ ဇွန်းစာခန့်ကို ပန်းကန်ထဲ ထည့်ထားပါ)
  • ကြက်ရင်အုံသား ၁ ပေါင် (အနေတော်အတုံး တုံးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ စားပွဲတင်ဇွန်း ၁၂ ဇွန်းစာ (ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း စားပွဲတင်ဇွန်း ၁၄ ဇွန်း

  • ငရုတ်ပွအနီနှင့် လိမ္မော်ရောင် တစ်ခြမ်းစီ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ချိုချဉ်ဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • နာနတ်သီးအရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးတစ်လုံးထဲတွင် သမအောင် ရောမွှေထားလိုက်ပါ။

၂။ ကြက်သားတုံးများကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီးနောက် ဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ထည့်ကာ သမအောင် နယ်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပါ။ ကြက်သာများ ကျက်သွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၄။ တစ်ဖန် ဒယ်အိုးထဲသို့ ကြက်သွန်နီ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပါ။

၅။ ထို့နောက် နာနတ်သီးများနှင့် ကြက်သားကြော်များထည့်ပါ။

၆။ ဆော့စ်များ အားလုံးလောင်းထည့်ပြီးနောက် သမအောင် ရောမွှေပါ။ ဆော့စ်များ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။

၆။ ဆော့စ်များ ဆူပွက်လာပြီးနောက် ပျစ်သွားပါက မီးဖိုပေါ်က ချလို့ရပါပြီ။

ဒါဆိုရင်တော့ ကြက်သားချိုချဉ်ကြော်ဟင်းလျာလေး ရရှိသွားပါပြီ။ ပန်းကန်ထဲ ပြောင်းထည့်ကာ ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်ကာ လှလှပပအလှဆင်နိုင်ပါပြီ။

Source: Drivemehungry.com