အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ချဉ်စပ် ကြက်သားထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ တစ်ခြမ်း (လေးထောင့်အတုံးငယ် တုံးထားပါ)
  • မုန်လာဥနီ ၁ လုံး (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတံး ၁ တုံး (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်ပွ ၁ တောင့် (အထဲကအစေ့နှင့် အူတိုင်တို့ကို ဖယ်ရှားပြီး လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)

  • အသားနွှင်ထားသော ကြက်သား (ပန်းကန်လုံး ၂ လုံးစာ)
  • ထမင်း ပန်းကန်လုံး ၃ လုံးဟာ
  • ပန်းဂေါ်ဖီစိမ်းနှင့် မှို (သို့) မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက် ပန်းကန်လုံး ၃ လုံးစာ (ပါးပါးလှီးထားပါ)

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုရာသီး ၁ လုံး (အရည်ညှစ်ထားပါ)
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ် ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတါင် ပဲငံပြာရည်၊ သံပုယိုရည်နှင့် ငရုတ်သီးဆော့စ်တို့ကို သမအောင် ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ မုန်လာဥနီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ပွတို့ထည့်ကာ နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် မှိုနှင့် ပန်းဂေါ်ဖီစိမ်းတို့ထည့်ပါ။ ဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ပြီး သမအောင် ရောကြော်လိုက်ပါ။

၄။ ထို့နောက် ကြက်သားထည့်ပါ။ ဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထပ်ထည့်ပြီး သမအောင် မွှေကြော်ပေးလိုက်ပါ။

၅။ ဒယ်အိုးအလယ်ဗဟိုတည့်တည့်တွင် နေရာလွတ်ဖယ်ထားပြီး ထိုနေရာလွတ်ထဲတွင် ထမင်းထည့်ပါ။ ကျန်ရှိနေသော ဆော့စ်များအားလုံးလောင်းထည့်ပြီးနောက် ဟင်းရွက်များနဲ့ သမအောင် ရောကြော်လိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ဖို့ရန်အတွက် ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်ပါ။ လိုအပ်ပါက ပဲငံပြာရည် ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချဉ်စပ် ကြက်သားထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Chefjulieyoon.com