ပါဝင်ပစ္စည်းများ

  • ဇူခီနီ ၁ လုံး (ခြစ်)
  • ကြက်သွန်နီဥကြီး ၁ ခြမ်း (နုတ်နုတ်စင်း)
  • ဆွိချ(သို့)အစိမ်းရောင်အရွက်တစ်မျိုး ၃၅၀ ဂရမ် (စင်း)
  • ကြက်သွန်ဖြူတမွှာ (စင်း)
  • စမိန့်၊နံနံပင်၊တာရဂွန်ရွက် စားပွဲတင်ဇွန်း ၂ ဇွန်း (စင်း)
  • ကြက်ဥတစ်လုံး (ခလောက်)
  • ရိုးရိုးဂျုံမှုန့် ၁ ခွက်
  • ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • နို့ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

  1. ဇလုံတခုထဲသို့ကြက်ဥ၊ဆားနင့်ဂျုံမှုန့်များကိုရောထည့်ပါ။
  2. အသီးအရွက်နင့်အမွှေးအကြိုင်များကိုရောထည့်ပါ။
  3. နို့မျုားကိုရောထည့်ပြီးသမသွားအောင်ညင်သာစွာရောမွှေပေးပါ။
  4. ဒယ်အိုးကြီးတလုံးကိုဆီထည့်ပြီးမီးအလယ်အလတ်ဖြင့်အပူပေးပါ၊မွှေထားသောအ ရာများကိုဇွန်းကြီးတစ်ခုဖြင့်ခပ်ပြီးဒယ်အိုးထဲသို့ထည့်ကြော်ပါ။တစ်ဖက်လျှင် ၄ မိနစ်ခန့်ရွှေရောင်သန်းလာသည်အထိကြော်ပါ။