အားလုံးပဲ မင်္ဂလာပါ။ ဟင်းရွက်စိမ်းစိမ်းစိုစိုလေးကို ပုစွန်ဟင်းနဲ့ ချဉ်ချဉ်စပ်စပ်လေး တွဲဖက်စားချင်သူများအတွက် ပန်းဂေါ်ဖီစိမ်း ပုစွန်ချဉ်စပ်ဟင်း ပြင်ဆင်ပြုလုပ်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း
  • ပါးပါးလှီးထားးသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပုစွန် ၁ ပေါင် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့် (အနေတော်အတုံး လှီးဖြတ်ထားပါ)

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် ငရုတ်သီးဆော့စ်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်နှင့် ဂျင်းတို့ထည့်ကာ သမအောင် ရောမွှေထားပါ။ (ဆော့စ်အရည်ပျစ်ပျစ်လေး လိုချင်ပါက ပြောင်းမှုန့်အရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်)

၂။ ဒယ်အိုးကို အပူပေးပြီး နှမ်းဆီ ထည့်ပါ။ ဆီပူလာပါက ပန်းပွင့်စိမ်းထည့်ကာ နူးသွားသည်အထိ ကြော်ပါ။ ထို့နောက် ပုစွန်ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ထို့နောက် အဆင့် (၁) က ဖျော်ထားသော ဆော့စ်များထည့်ကာ ပူစီဖောင်းများ ထလာသည်အထိ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ထားရပါမယ်။

၄။ ပုစွန်လေးများ ပန်းရောင်ပြောင်းသွားပြီး ကွေးသွားပြီဆိုရင်တော့ ကြက်သွန်မြိတ်နှင့် နှမ်းစေ့များ ထည့်ကာ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ပန်းဂေါ်ဖီစိမ်း ပုစွန်ချဉ်စပ်ဟင်းလေး ရရှိသွားပါပြီ။

Source: Peasandcrayons.com