အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အားလုံးနဲ့ မစိမ်းတဲ့ဟင်းလျာတစ်မျိုးဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း အမဲသားကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်ခန့် (ပါးပါးလှီးထားပါ)
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ ၁ လုံးနှင့် ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့် (အနေတော် အတုံး တုံးထားပါ)
  • ငရုတ်သီးမှုန့် အနည်းငယ်
  • အမဲပြုတ်ရည် ၂၅၀ မီလီလီတာ
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါးပါးလှီးထားသော အမဲသားကို ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ အမဲသားများ ထည့်ကြော်လိုက်ပါ။ အမဲသားကြော်ကို ပန်းကန်ထဲ ခပ်ထည့်ထားပါ။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ပြီး မွှေပေးလိုက်ပါ။

၃။ ၃ မိနစ်ခန့် ကြာသောအခါ ပန်းဂေါ်ဖီစိမ်းထည့်ပြီး နောက်ထပ် ၃ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ အမဲပြုတ်ရည်၊ ဆန်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြားညိုနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး သမအောင် ရောမွှေပြီး ကြော်ပေးလိုက်ပါ။

၄။ ၃ မိနစ်ခန့် ကြာသောအခါ အမဲသားကြော်ကို အိုးထဲ ပြန်ထည့်ပြီး ထပ်ကြော်ပေးလိုက်ရပါမယ်။ အသားနဲ့ အရွက်တို့ ညီညီညာညာရောနှောသွားပါက ပန်းကန်ထဲပြောင်းထည့်ကာ ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်မယ့် ဟင်းလျာတစ်မျိုး ရရှိသွားပါပြီ။

Source : kitchenbowl.com