ခရမ်းသီး တူနာငါးပြားကြော်ဆိုတာကတော့ ငါးကြော်၊ ငါးဟင်း မကြိုက်ပါဘူးဆိုတဲ့သူတွေတောင် လျှာလည်သွားစေမယ့် ဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တူနာငါး စည်သွပ်ဘူး ၅ အောင်စ
  • ခရမ်းသီး ၁ တောင့်
  • ကြက်သွန်နီအသေး ၁ ဥ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၂ လုံး

  • ဆီ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄၈ ဇွန်း (ဖန်ခွက် ၃ ခွက်စာ)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ထို့နောက် တူနာငါးထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ ထပ်မွှေကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၂။ ထိုဒယ်အိုးထဲသို့ ရေထည့်ပြီး ပွက်ပွက်ဆူလာအောင်တည်ပါ။ ရေဆူပွက်လာပါက ခရမ်းသီးထည့်ကာ နူးအိသွားသည်အထိ ပြုတ်ပါ။

၃။ ခရမ်းသီး နူးအိသွားပါက ဆယ်ယူပြီးနောက် အအေးခံကာ ခရမ်းသီးအခွံ ခွာလိုက်ပါ။ ထို့နောက် ခရင်းသီးများကို ပြားသွားအောင်လို့ ခက်ရင်းဖြင့် ဖိချလိုက်ပါ။

၄။ ကြက်ဥများကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် ဆားအနည်းငယ်ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၅။ ကျန်ရှိနေသော ဆီများကို ဒယ်အိုးထဲ ထည့်လိုက်ပါ။ ခရမ်းသီးကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ဆီပူထဲ ထည့်ကြော်လိုက်ပါ။ ခရမ်းသီးပေါ်သို့ တူနာငါးကြော်များ ဖြန့်တင်ပါ။ ထို့နောက် ဇွန်းပြားဖြင့် ပြားသွားအောင်လို့ ခပ်ဖွဖွလေး ဖိလိုက်ပါ။ မွှေခလောက်ထားသော ကြက်ဥတစ်ဝက်ခန့်ကို တူနာငါးပေါ်သို့ လောင်းထည့်လိုက်ပါ။ ခရမ်းသီးပတ်ပတ်လည်က ဆီများကို တူနာငါးပေါ်သို့ လောင်းထည့်ပါ။

ကြက်ဥ ကျက်သွားသည်အထိ ဆီများကို လောင်းထည့်လိုက်ပါ။

၆။ ထို့နောက် ခရမ်းသီးကို အခြားတစ်ဖက်သို့လှန်ပါ။ ကျန်ရှိနေသော ကြက်ဥများ လောင်းထည့်ကာ ဆက်ကြော်ပေးလိုက်ပါ။

မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီး တူနာငါးပြားကြော်လေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com