မန်ကျည်းရွက် အနုလေးတွေ ပေါ်လာပြီ ဆိုတော့ မန်ကျည်းရွက်လေး သုပ်စားဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မန်ကျည်းရွက်
  • ပဲနီလေး ၊  စွန်တာနီ ၊ ဘိုကိတ်ပဲ
  • ဆား
  • နနွင်း
  • ကြက်သွန်နီဆီ

ပြုလုပ်နည်း

  1. မန်ကျည်းရွက် သုပ်ရန်အတွက် ပဲလေးတွေကို နူးအိနေအောင် အရင်နှပ် ထားပါတယ်။
  2. နှစ်သက်ရာ ပဲနီလေး ၊  စွန်တာနီ ၊ ဘိုကိတ် လေးတွေကို ဆား ၊ နနွင်း ၊ ကြက်သွန်နီဆီ လေးနဲ့ နယ်ပြီး Rice Cooker မှာနူးအိလာတဲ့ထိ ရေကို နည်းနည်းချင်းစီ လိုက်ပေးပြီး ချက်ထားတာပါ။
  3. ပဲလေးများ ကျက်လျှင် အအေးခံ ပြီး ရေစင်အောင်ဆေး ၊ ရေစစ်ထားသော မန်ကျည်းရွက် ပါးပါးလှီးထားသော ကြက်သွန်နီ ၊ ဆား အနည်းငယ် ဆီ စိမ်းလေး ဆမ်းပြီး ခပ်ဖွဖွ နယ်ပေးပါ။  အရသာရှိ လှတဲ့ မန်ကျည်းရွက် သုပ်လေးရပါပြီ။

Credit: Soe Cooking Collection