အားလုံးပဲမင်္ဂလာပါနော်။ ပြောင်းဖူးကြော်က ပြုလုပ်ရလည်းလွယ်ပြီး ဟင်းအဖြစ် သုံးဆောင်လို့လည်းရပါတယ်။ ပြုတ်ပြီးစားကြသလို အကြော်ကြော်သလိုမျိုးလည်း မုန့်နှစ်နဲ့ ကြော်စားကြပါတယ်။

ဒီတခါမှာတော့ ပြောင်းဖူးကြော်ကို ဟင်းတစ်ခွက်အဖြစ် ကြော်စားနည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ၁ လုံး
  • ပြောင်းဖူး ၂ ဖူး
  • ကြက်ဥ ၁ လုံး

  • ဆား
  • ဆီ
  • ကြက်သားမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ပြောင်းဖူးကို ဓါးနဲ့ ပါးပါးလှီးလိုက်ပါ။ ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းပြီး ကြက်သွန်နီကို ပါးပါးလှီးထားပါ။

ဆီကိုအပူပေးလိုက်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထည့်ကာ ဆီသပ်လိုက်ပါ။ အနံ့လေးမွှေးလာရင် ပြောင်းဖူးထည့်လိုက်ပါ။

ပြီးရင် ဆားနဲ့ ကြက်သားမှုန့်ထည့်လိုက်ပါ။

အဲဒီနောက် ရခါနီးပြီဆိုရင် ကြက်ဥကို ခလောက်ထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပြီး ဆီမှာ အမြုပ်လေးတွေဖြစ်လာရင် မီးဖိုပေါ်ကချပါ။ ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။

By: MyFood Myanmar