အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ပဲပင်ပေါက် အမဲသားဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Britannica.com

• အမဲသား ဝ.၅ ပေါင် (အချောင်းလိုက် ပါးပါးလှီးထားပါ)
• ငရုတ်သီး ၃ တောင့်
• ဂျင်းပြား ၃ ပြား
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်းစီ

• ပဲပင်ပေါက် ၁ ပေါင် (ရေဆေးပြီး အခြောက်ခံထားလိုက်ပါ)
• ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
• ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း သုံးဇွန်း
• ခရုဆီနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်စီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ဆား၊ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပြောင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် သမအောင် နယ်ဖတ်ထားလိုက်ပါ။ အသားထဲသို့ ဟင်းခပ်မှုန့်များ စိမ့်ဝင်သွားဖို့ရန်အတွက် မိနစ် ၂၀ ခန့် စိမ်ထားရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက အမဲသားကို ၂ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။ အမဲသား ကျက်သွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ စားပွဲတင်ဇွန်း နှစ်ဇွန်းထပ်ထည့်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်လိုက်ပါ။

၄။ ပဲပင်ပေါက်များကို ထိုဒယ်အိုးထဲသို့ထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ထိ့ုနောက် ဆား၊ ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်၊ ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်တို့ထည့်ကာ မွှေလိုက်ပါ။ ပြီးမှ စောစောက ကြော်ထားသော အမဲသားများကို ထိုဒယ်အိုးထဲသို့ ပြန်ထည့်ပြီး ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၆။ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပဲပင်ပေါက် အမဲသားဟင်းလေးကို ထမင်းနဲ့ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Spicetheplate.com